Sunday, December 3, 2017

တရုတ်နိုင်ငံတွင် အန္တရာယ်ဖြစ်စေလောက်သည့် ယာဉ်မောင်းနှင်မှုကြောင့် ယာဉ်မောင်း ၁၆ဝဝဝဝ အား စုံစမ်းစစ်ဆေး

Image may contain: 1 person, standing, sky and outdoor

ပေကျင်း ဒီဇင်ဘာ ၂
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လကာလအတွင်း တရုတ်နိုင်ငံတွင် မော်တော်ယာဉ်အား ဘေးအန္တရာယ် ဖြစ်စေလောက်သည်အထိ မဆင် အခြင် မောင်းနှင်မှုဖြင့် ယာဉ်မောင်း ဦးရေ ၁၆ဝဝဝဝ အား စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ ပြောကြားသည်။
မဆင်မခြင် ယာဉ်မောင်းနှင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုပြုရာတွင် ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပတ်သက် သည့် ပြစ်မှုကျူးလွန်သူ ဦးရေ ၉၉ ရာခိုင်နှုန်းကျော်မှာ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်သူများ ဖြစ်ပြီး ယာဉ်မောင်းဦးရေ ၅၉ဝဝဝ ခန့်မှာ သက်သေခံချက်များအရ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် ရာဇဝတ်ကြောင်းအရ မတရားစွဲဆိုခံ ရမှုများနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဘေးအန္တရာယ် ဖြစ်စေလောက် သည့် ယာဉ်မဆင်မခြင် မောင်းနှင်သူ များ၏ အရေအတွက် ၈၄ ရာခိုင်နှုန်း သည် ညဥ့်သန်းခေါင်မှ နံနက် ၃ နာရီ ကြားတွင် ဖြစ်ပွားပြီး ယင်းဖြစ်ရပ်များ၌ ပါဝင်သည့် ယာဉ်မောင်းသူများ၏ အသက်အရွယ်မှာ ၂ဝ နှစ်မှ ၄ဝ နှစ် အကြားရှိသူများဖြစ်ကြောင်း တရုတ် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောကြား သည်။
မဆင်မခြင် ယာဉ်မောင်းနှင်မှုများ ကြောင့် စုံစမ်းစစ်ဆေးခံရသည့် ယာဉ် မောင်းဦးရေ စုစုပေါင်းထဲတွင် အသက် ၄ဝ မှ ၆ဝ အတွင်းရှိ ယာဉ် မောင်းများမှာ ၄ဝ ရာခိုင်နှုန်းခဲ့ရှိ သည်။
ဆင်ဟွာ

No comments:

Post a Comment