Tuesday, December 26, 2017

ဂျေရုဆလင်သို့ သံရုံးရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ ဂွါတီမာလာကို အစ္စရေးအမွှမ်းတင်





 ဂျေရုဆလင် ဒီဇင်ဘာ ၂၅




ဂွါတီမာလာနိုင်ငံသည် ၄င်း၏သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့အခြေစိုက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဂွါတီမာလာသမ္မတ ဂျင်မီမိုရေးအား အစ္စရေးအာဏာပိုင်များက တနင်္လာနေ့တွင် ချီးကျူးဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။ ယင်းသို့ရွှေ့ပြောင်းမှုသည် ဂျေရုဆလင်မြို့၏ ဂုဏ်အဂ¯အဆင့်အတန်းသတ်မှတ်မှုနှင့် ပတ်သက်သည့် အငြင်းပွား မှုများတွင် အမေရိကန်၏မူဝါဒဆိုင်ရာ ခြေလှမ်းတစ်ဆင့်တက် ရွေ့လျားလိုက်ခြင်း ဖြစ်သည်။
မိုရေး၏တရားဝင် ဖေ့စ်ဘုတ်အကောင့်တွင် တနင်္ဂနွေနေ့ကရေးသားခဲ့သည့် ပို့စ်၌ ၄င်းသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် စကားပြောဆို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်တွင် သံရုံးကို တယ်လ်အဗစ်မှ ရွှေ့ပြောင်းရန် ဆုံးဖြတ် ချက်ချလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဒီဇင်ဘာ ၆ ရက်မှစတင်ကာ ဂျေရုဆလင် ကို အစ္စရေးမြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် နိုင်ငံ ပေါင်း ၁၂၈ နိုင်ငံတို့သည် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်၏ ကျော ထောက်နောက်ခံပေးမှုဖြင့် ထရန့်အားဖီဆန်ခဲ့ကြပြီး ဂျေရုဆလင်မြို့အား အစ္စရေး မြို့တော်အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်မှုကို လက်လျှော့ရန် တောင်းဆို ခဲ့ကြသည်။
ဂွါတီမာလာနှင့်အိမ်နီးချင်း ဟွန်ဒူရပ်စ်တို့သည် အစ္စရေးနှင့်အမေရိကန်တို့နှင့် အတူပူးပေါင်းသည့် နိုင်ငံနှစ်ခုဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကိုဆန့်ကျင်၍ ၄င်းတို့၏ သံရုံးကို ဂျေရုဆလင်သို့ရွှေ့ပြောင်းရန် အလေးအနက်ကတိပေးအပ်ခဲ့ သည့် နိုင်ငံများဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ဂွါတီမာလာနှင့်ဟွန်ဒူရပ်စ်ကို ကူညီထောက်ပံ့ မှုပေးနေသည့် အရေးကြီးသောအရင်းအမြစ်တစ်ခုဖြစ်ပြီး အကယ်၍ ယင်းနိုင်ငံတို့က ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါက ငွေကြေးဆိုင်ရာအကူအညီပေးအပ် နေမှုကို ဖြတ်တောက်ပစ်မည်ဟု အမေရိကန်က သတိပေးခဲ့သည်။ ရိုက်တာ

No comments:

Post a Comment