Tuesday, December 26, 2017

၂၅ နှစ်ကြာ ထောင်သွင်းအကျဉ်းချခံထားရသော ပီရူးယခင်အာဏာရှင်ခေါင်းဆောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး





Image may contain: 1 person, sitting
လီမာ ဒီဇင်ဘာ ၂၅


 

ပီရူးသမ္မတ ပီဒရိုပါဘလို ကူချန်စကီသည် ၂၅ နှစ်ကြာထောင်သွင်းအကျဉ်းချခံထား ရသော ယခင်အာဏာရှင် ခေါင်းဆောင် အယ်လ်ဘာတို ဖူဂျီမိုရီကို ယမန်နေ့ နှောင်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ ကြောင်း၊ ၄င်းအပေါ် လူ့အခွင့်အရေး ပြစ်မှုဆိုင်ရာစွပ်စွဲမှုအားလုံးနှင့် အဂတိ လိုက်စားမှုများကို ကင်းရှင်းမှုပေးခဲ့ ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၂၅ ရက်က ဖော်ပြခဲ့သည်။
ပီရူးရှိ လူများကို ကြက်သေသေသွား စေခဲ့သော အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ခရစ္စမတ်အခါတော်နေ့ ကျင်းပနေသော လီမာမြို့လယ်ရှိလူများ အနေဖြင့် ယင်းဆုံးဖြတ်ချက်အပေါ် သဘောမတူကြောင်း ဆန္ဒဖော်ထုတ် အောင်လူမှုမီဒီယာများကို လှုံ့ဆော် သလိုဖြစ်ခဲ့ရုံ သာမက အစိုးရအဖွဲ့မှ နုတ်ထွက်မှုများ လည်းရှိခဲ့ကြောင်း သိရ သည်။ ဖူဂျီမိုရီ၏ရန်သူများက အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ကူချန် စကီကိုကူညီရန် နိုင်ငံရေးသဘောတူညီ မှုဆိုင်ရာ လုပ်ဆောင်မှုတစ်ခု အဖြစ် လည်း အချို့က ရှုမြင်ကြသည်။ သို့သော် လည်း ကူချန်စကီ၏ သမ္မတရုံးက အဆိုပါ စွပ်စွဲမှုများကို ငြင်းဆန်ခဲ့သည်။
ထို့အပြင် ဆေးဘက်ဆိုင်ရာ သုံးသပ်ချက်က ဖော်ပြခဲ့သည်မှာ ပီရူးကို ၁၉၉ဝ မှ ၂ဝဝဝ ပြည့်နှစ်အထိ အုပ်စိုးခဲ့ သော ဖူဂျီမူရီသည် ကုမရသောရောဂါများ ခံစားခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ကူချန်စကီကို သဘောကျသော ဖူဂျီမိုရီကို လွန်ခဲ့သောစနေနေ့ နှောင်းပိုင်း က သွေးပေါင်ချိန်ရုတ်တရက် ထိုးကျလာ ပြီး သွေးပေါင်ချိန်ပုံမှန် မဟုတ်သော ကြောင့် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရ ကြောင်း ၄င်း၏ဆရာဝန်က ပြောခဲ့သည်။ ဖူဂျီမိုရီကို သွားပုပ်လေလွင့်ပြောသူ အချို့ က ၄င်းကို ဆေးရုံတင်ခြင်းသည် ဥပဒေ ကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့်ပေး ရန် အခြေအနေတစ်ရပ်ဖြစ်ပေါ်စေခဲ့ ကြောင်း ပြောခဲ့သည်။ ရိုက်တာ

No comments:

Post a Comment