Wednesday, December 27, 2017

မောင်တောမြို့နယ် ကျေးရွာများတွင် သုံးမျိုးစာရင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

Image may contain: 6 people, outdoor

မောင်တော ဒီဇင်ဘာ ၂၆
မောင်တောမြို့အနီး ကျေးရွာများတွင် နေထိုင်ကြသော ဘင်္ဂါလီမိသားစုများအား လူဝင်မှုကြီးကြပ်ရေးဌာနခွဲက နှစ်စဉ် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် သုံးမျိုးစာရင်းစစ်ဆေးခြင်း (ယခင် အသုံး အနှုန်း ဆွဲ၊ တင်၊ စစ် လုပ်ငန်း)ကို ယခုနှစ် အတွက် စတင်ဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု ၃၈၃ စုကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့အခု လုပ်နေတာက သုံးမျိုးစာရင်းဆိုတာရှိတယ်၊ နှစ်စဉ် လုပ်ရ တာ၊ သုံးမျိုးစာရင်းထဲက အိမ်ထောင်စု စစ်ဆေးခြင်းနဲ့ မိသားစုဓာတ်ပုံရိုက်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဒီအဆင့် မရောက်ခင် ကျေးရွာတွေမှာ ကွင်းဆင်းပြီး ကျေးရွာမြေပုံဆွဲတယ်၊ အဆောက်အအုံ မှတ်တမ်းတင်ရတယ်၊ နောက်ဆုံး စစ်ဆေး တယ်၊ ဒီလုပ်ငန်းက တစ်နှစ်တစ်ကြိမ် လုပ်ရ တဲ့ လုပ်ငန်းဖြစ်ပါတယ်၊ ဒီဇင်ဘာ ၁၆ ရက်က စလုပ်တာပါ၊ ဒါက သုံးရွာမြောက်ဖြစ်ပါတယ်၊ မောင်တောမြို့အနီး ကပ္ပကောင်းကျေးရွာမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ အရင် နှစ်ရွာက ရွှေဇားအလယ်ရွာနဲ့ ဂေါင်ညာရွာ တို့ဖြစ်ပါတယ်၊ ဒီရွာတွေအားလုံးက ရွှေဇား ကျေးရွာအုပ်စု ၁၂ ရွာ ထဲမှာ ပါဝင်ပါတယ်၊ ကျန်ရွာတွေကို ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်''ဟု အမှတ် (၄) လူဝင်မှု ကြီးကြပ်ရေးဌာနခွဲမှ လဝကမှူး ဦးဇော်မိုးနိုင် က ရှင်းပြသည်။
နောက်ဆုံးအဆင့်တွင် အိမ်ထောင်စု တစ်စုချင်းစီအား လဝကတာဝန်ရှိသူများက အိမ်ထောင်စုစာရင်းအဟောင်းဖြင့် တိုက်ဆိုင် စစ်ဆေးပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်ထား ရှိခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်း ဖြင့် တိုးလာသော ကလေးငယ်များ၊ သေဆုံး သွားသူများ၊ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ သူများစာရင်းကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ခိုးဝင်လာသူများရှိပါကလည်း စစ်ဆေးတွေ့ရှိ နိုင်ကြောင်း သိရသည်။
အဆိုပါ သုံးမျိုးစာရင်းစစ်ဆေးခြင်း လုပ်ငန်းကို မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များရှိ နယ်ခြားစောင့်လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲများ၌သာ ဆောင်ရွက်ပြီး အခြားမြို့နယ်များတွင် ဆောင်ရွက်ခြင်းမရှိကြောင်း၊ လူအတိုး အလျော့ကို ကြီးကြပ်စစ်ဆေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment