Wednesday, December 27, 2017

မော်တော်ယာဉ်အသစ်တစ်စီး အစားထိုးပေးခြင်းနှင့် မီးအာမခံလျော်ကြေး ပေးအပ်

Image may contain: 3 people, people smiling, people standing
ရန်ကုန် ဒီဇင်ဘာ ၂၆
ယာဉ်နှင့်စက်ရုံ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ IKBZ Insurance (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြီး ဒါရိုက်တာအဖွဲ့ကိုယ်စား လျော်ကြေးဌာနကြီး အထွေထွေ မန်နေဂျာ ဦးသန်းဇော်က နှုတ်ခွန်းဆက်စကားနှင့် လျော်ကြေး ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
IKBZ Insuranceတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော ဦးမြင့်ဌေးပိုင်JAC Tractor Head (3M-5742) သည်ရန်ကုန်-မန္တလေးကားလမ်း ပြွန်တန်ဆာ မြို့ မိုင်တိုင် ၉၅ အနီး လမ်းဘေး၌ ရပ်ထားသော Mitsubishi Fuso Tractor Head မော်တော်ယာဉ်ကို ဝင်တိုက်မိပြီး ကြီးမားသော ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သည်။ထိုနည်းတူစွာပင် မီးနှင့်တွဲဖက်ဘေးအန္တရာယ် အာမခံ ထားရှိသော သံဖြူဇရပ်မြို့ရှိ ဦးတင်ညွန့်ပိုင် ကံကောင်းခြင်း ရတနာသစ်ပါးလွှာစက်ရုံမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး အဆောက်အအုံ အစိတ်အပိုင်းအချို့ မီးလောင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
JAC Tractor Head မော်တော်ယာဉ်အသစ်တစ်စီးကို ယာဉ်ပိုင်ရှင် ဦးမြင့်ဌေးအား လည်းကောင်း၊ သစ်ပါး လွှာစက်ရုံ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၅၉၉၃ဝ၈ဝ၂ ကို ယင်းကုမ္ပဏီမှ လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်ဖြူဖြူသွင်အားလည်းကောင်း ပေးအပ်ခဲ့သည်။
IKBZ Insuranceအနေဖြင့် ပြည်သူ ပြည်သား အသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ြေ>ွမအန္တရာယ် အသက်အာမခံ၊အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှု အာမခံ၊ ကျန်းမာရေးအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ မီးနှင့် သဘာဝဘေးအန္တရာယ်အာမခံ၊ ခရီးသွား အာမခံ၊ ကုန်စည်ပို့ဆောင်ရေး အာမခံ၊ တောင်သူ လယ်သမားအသက်အာမခံနှင့် ရေယာဉ်ကိုယ်ထည် အာမခံလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် မြို့များတွင် ရုံးခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက် ရှိသည်။
၁ဝ၇

No comments:

Post a Comment