Saturday, December 2, 2017

ကန်နိုင်ငံခြားရေးဝန်ကြီးနေရာတွင် စီအိုင်အေ ဒါရိုက်တာအား အစားထိုးခန့်အပ်ရန် အိမ်ဖြူတော် စီစဉ်လျက်ရှိ

Image may contain: 1 person, smiling, closeup
ဝါရှင်တန် ဒီဇင်ဘာ ၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆွန် ၏ ရာထူးနေရာတွင် စီအိုင်အေ ဒါရိုက်တာ မိုက် ပိုမ်ပီယိုအား အစားထိုးခန့်အပ်ရန် အိမ်ဖြူတော်က စီစဉ်လျက်ရှိကြောင်း အမေရိကန်သတင်းဌာနများက ရေးသားထားကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

သည်နယူးယောက်တိုင်းမ်၊ သည်ဝါရှင်တန်ပို့စ် နှင့် အခြားသော မီဒီယာများက နိုဝင်ဘာ ၃ဝ ရက် တွင် အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သတင်းထုတ် ပြန်ခဲ့ကြသည်။ ထို့ပြင် စီအိုင်အေ ဒါရိုက်တာ မိုက်ပိုမ်ပီယိုသည် သမ္မတထရန့်၏ အယုံကြည်ရဆုံး ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည်ဟု ဖော်ပြထား သည်။

နိုင်ငံခြားရေးဝန်ကြီးနေရာတွင် စီအိုင်အေ ဒါရိုက်တာကို အစားထိုးခန့်အပ်မည့် စီစဉ်မှုများကို အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကီလီက ပြုလုပ်ပြီး သော်လည်း သမ္မတထရန့်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု မီဒီယာများက သတင်းရေး သားသည်။

ထိပ်တန်းအရာရှိများနှင့် ပတ်သက်သည့် အတည်ပြုချက်ချမှတ်ရန်နှင့် ပြည်သူများအား ကြေညာချက်ထုတ်ပြန်ရန် ဆောင်ရွက်ရာတွင် သမ္မတထရန့်အနေဖြင့် ယခင်ကနှင့်မတူဘဲ သေချာ စွာ စဉ်းစားပြီးမှသာ လုပ်ဆောင်လျက်ရှိသည်ဟု သည်ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထား ကြောင်း သိရသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဆန်ဒါးစ်က ယခုအချိန်တွင် အမှုထမ်းဆိုင်ရာ မည်သည့် ကြေညာချက်မျှမရှိသေးကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သမ္မတ ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး တေလာဆွန်တို့ အကြား ပြည်ပရေးရာကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းမှုအပေါ် သဘောထားကွဲလွဲလျက်ရှိကြောင်း ၎င်းတို့၏ ထင်မြင်ချက်ကို ပြောကြားကြသည်။ ယင်းကိစ္စရပ်များတွင် မြောက်ကိုရီးယား နျူကလီးယား ဖွံ့ဖြိုးမှုအစီအစဉ်နှင့် အီရန်နျူကလီးယားအရေးတို့ ပါဝင်သည်။

အောက်တိုဘာလအတွင်းက နိုင်ငံခြားရေး ဝန်ကြီး တေလာဆွန်သည် အစိုးရအဖွဲ့မှ နုတ်ထွက် ရန် ဆန္ဒပြင်းပြလျက်ရှိသည်ဟု အမေရိကန်မီဒီယာ များက ပြောကြားခဲ့သည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment