Tuesday, December 26, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ ရမ်းဗြဲမြို့နယ်မှဒေသခံများနှင့် တွေ့ဆုံ

Image may contain: 1 person, standing, child, wedding and outdoor
ရမ်းဗြဲ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက် ၈ နာရီတွင် ရမ်းဗြဲမြို့ ရမ္မာဝတီခန်းမ၌ ရမ်းဗြဲမြို့နယ်မှ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ရမ်းဗြဲ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ ကို ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူ ခရိုင်အတွင်းမှ သင်ကြားရေးဝန်ထမ်း ၅၂၃၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၆၁၉၅ဝဝဝ ကို ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ရမ်းဗြဲမြို့ အထက(၂) ပုလုပ်တောင် ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုနှင့် ရမ်းဗြဲမြို့ အမှတ်(၄) ရပ်ကွက်ရှိ ဦးမြဝါလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် ဝန်ကြီးချုပ်သည် ရမ်းဗြဲမြို့အထက (၁)တွင် ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ရမ်းဗြဲမြို့ မြို့သစ်တည်ဆောက်မည့် စီမံကိန်းမြေနေရာနှင့် ခုတင် ၁၅ဝ ဆံ့ ဆေးရုံတည်ဆောက်မည့်နေရာတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment