Sunday, December 3, 2017

ကမ္ဘောဒီးယားနိုင်ငံမှ အန်ကော ရှေးဟောင်း အမွေအနှစ်ဥယျာဉ် ဝင်ခွင့်လက်မှတ်ရောင်းချမှု ဒေါ်လာ ၉၅ သန်းကျော် ရရှိ

Image may contain: one or more people, sky, cloud, outdoor and nature
ဖနောင်ပင် ဒီဇင်ဘာ ၂
ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး နိုင်ငံခြားသားခရီးသွားဧည့်များ ဝင်ရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ် သည့် အန်ကောရှေးဟောင်းအမွေအနှစ်ဥယျာဉ်၏ ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း ဝင်ခွင့်လက်မှတ် ရောင်းချရာမှ ရရှိသည့်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၉၅ သန်းအထိ ရရှိခဲ့ကြောင်း ယင်းဝင်ငွေပမာဏမှာ ယမန်နှစ် အလားတူ ကာလအတွင်းက ရရှိခဲ့သည့် ဝင်ငွေနှင့် နှိုင်းယှဉ်ပါက ၇၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ကြောင်း ယင်းဥယျာဉ်မှ ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိခဲ့ရသည်။
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အန်ကောရှေးဟောင်းဒေသသို့ နိုင်ငံခြားသားခရီးသည် ဦးရေ ၂ ဒသမ ၈ သန်း လာရောက်ခဲ့ပြီး ယင်းမှာ ယမန်နှစ်အလားတူကာလထက် ခရီးသွားဦးရေ ၁၂ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ကမ္ဘောဒီးယားအစိုးရက ကြီးကြပ်လုပ်ဆောင်သည့် အန်ကောအင်တာပရိုက်က ပြောကြား သည်။
အဆိုပါ ရှေးဟောင်းအမွေအနှစ်ဒေသသို့ တရုတ်နိုင်ငံသားခရီးသွားများ အများဆုံးလာရောက်ပြီး ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ခရီးသွားများမှာ ထိုဒေသသို့ ဒုတိယနှင့်တတိယမြောက်အများဆုံး လာရောက် ကြသည်။
အန်ကောရှေးဟောင်းအမွေအနှစ်ဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရိ ပြည်နယ်တွင် တည်ရှိပြီး ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) က ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသစာရင်း၌ ထည့်သွင်းခဲ့သည်။ ယင်းဒေသသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment