Sunday, December 3, 2017

နျူဒုံးကျည်အသစ် ပစ်လွှတ် အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနား ပြုံယမ်း၌ ကျင်းပ

Image may contain: outdoor
ပြုံယမ်း ဒီဇင်ဘာ ၂
မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ teh Hwasong-15 ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည့်အတွက် အောင်ပွဲ ခံလျက်ရှိကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
အောင်ပွဲခံခြင်း အထိမ်းအမှတ်အခမ်း အနားကို ဒီဇင်ဘာ ၁ ရက်တွင် ပြုံယမ်း မြို့၌ ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယား အလုပ်သမားများပါတီ၏ ရိုဒေါင်စင်မန် သတင်းစာက ဆိုသည်။ အခမ်းအနားသို့ ခေါင်းဆောင် ကင်ဂျုံအန်မှလွဲပြီး မြောက်ကို ရီးယားခေါင်းဆောင်ပိုင်းမှ ထိပ်တန်းအရာရှိ ကြီးများ တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယား အလုပ်သမားများ ပါတီ၏ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌပတ်ခ်ကွမ် ဟိုအပါအဝင် ထိပ်တန်းအရာရှိကြီးများက အခမ်းအနားတွင် မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
ယခု teh Hwasong-15 ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ခြင်းကြောင့် အမေရိကန်၏ နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ်ကို အဆုံးသတ်စေခဲ့သည့်အတွက် ခေါင်းဆောင်ကင်ဂျုံအန်ကို ချီးကျူးပါကြောင်း ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပတ်ခ်ကွမ်ဟိုက သူ၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပတ်ခ်ရောင်ဆစ် က အမေရိကန်နိုင်ငံအနေဖြင့် ယခုအချိန်သည် မြောက်ကိုရီးယား နျူကလီးယားဒုံးလက်နက် ပစ်ခတ်နိုင်သည့် နယ်နိမိတ်အတွင်းတွင် ရောက်ရှိနေသည်ကို လျစ်လျူမရှုသင့်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုကြောင့် ယခု လအတွင်း နိုင်ငံအများအပြား တပ်လှန့်ထား ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီသေဆုံးမှု နှစ်ပတ်လည်နေ့အဖြစ် ကျင်းပမည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အာဏာလွှဲပြောင်းဆက်ခံမှု အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ဝ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment