Monday, December 4, 2017

စစ်တွေမြို့ လောကနန္ဒာစေတီတော် ပရိဝုဏ်အတွင်း တည်ဆောက်ခဲ့သည့် သာသနာ့ဗိမာန်တော်ကြီး ဖွင့်လှစ်

Image may contain: 2 people, people standing, wedding and outdoor
နေပြည်တော် ဒီဇင်ဘာ ၃
စစ်တွေမြို့ လောကနန္ဒာစေတီတော် ပရိဝုဏ်အတွင်း တည်ဆောက်ခဲ့သည့် သာသနာ့ဗိမာန်တော်ကြီး ဖွင့်လှစ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ပြည်နယ်သြဝါဒါစရိယဆရာတော် စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ နှင့် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ သောမ အမှူးပြုသော သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သာသနာ့ဗိမာန်တော်ကမ္ပည်းမော်ကွန်းကျောက်စာတိုင်နှင့် သာသနာ့ဗိမာန်အမည်စာတန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီးအမွှေးနံ့သာရည်များ ပက်ဖျန်းသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်နယ် သြဝါဒါစရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အောင်စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ သားသမီး မြေးမိသားစုက လှူဒါန်းသည့် ဖန်အုပ်ဆောင်းတော်တပ်ဆင် လှူဒါန်းပူဇော်ပွဲကို ကျင်းပသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးအတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment