Saturday, December 2, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ ဗဟိုအမျိုးသားပြတိုက်နှင့် ဆမ်ဆောင်းတီထွင်ဆန်းသစ်မှုပြတိုက်သို့ သွားရောက်လေ့လာ

Image may contain: 6 people, people sitting and indoor
ဆိုးလ် ဒီဇင်ဘာ ၁
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဆိုးလ်မြို့ရှိ ဗဟိုအမျိုးသားပြတိုက်သို့ ရောက် ရှိပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ဗဟိုအမျိုးသားပြတိုက်တွင် အလွှာသုံးလွှာဖြင့် ပြသထားရာ ရှေးခေတ်မှ ၁၉၁ဝ ပြည့်နှစ်ထိ ပန်းချီကားများ နှင့် လက်ဆောင်ပစ္စည်းများ အာရှယဉ်ကျေးမှုအမွေ အနှစ်များကို ပြသထားသည်။ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းအမျိုးပေါင်း ၁၂ဝဝဝ ကျော် ပြသထားကြောင်း တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ ကိုရီးယား-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌH.E.Mr. Lee Cheol-Woo နှင့် လွှတ်တော်ကိုယ်စားလှယ်များက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဆက်လက်၍အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် ဆူဝမ်မြို့ရှိ ဆမ်ဆောင်းတီထွင်ဆန်းသစ်မှုပြတိုက် သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ပြတိုက်အတွင်း အခန်းသုံးခန်းဖြင့် ပြသထားရာ နည်းပညာဆိုင်ရာပစ္စည်း တီထွင်သူပညာရှင်များ၏ ပြခန်း၊ လုပ်ငန်းသဘာဝအလိုက် တီထွင်ဆန်းသစ်မှုပြခန်းနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင် သည့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြခန်းများ ကို တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ညပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းနှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် မြန်မာသံရုံးမိသားစု များက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment