Saturday, December 2, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

Image may contain: 5 people, people smiling, people standing and suit
နေပြည်တော် ဒီဇင်ဘာ ၁
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း ဦးဆောင်သော ချစ်ကြည် ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ အီးလ်ဆန်းမြို့ရှိ Hyundai Motorstudioသို့ သွားရောက် လေ့လာကြသည်။ ဆက်လက်၍ ဖာဂျူမြို့ရှိ ဖန်းမွန်းဂျောင် (တောင်-မြောက်စစ်ရပ်စဲရေးဆွေးနွေးခဲ့သည့်ကျေးရွာ) သို့သွားရောက်လေ့လာကြ သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး၍ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်တို့က လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့ညပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး သံရုံးယာယီတာဝန်ခံ Mr. Kim Jung Hanနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment