Tuesday, December 26, 2017

ဘူးသီးတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းစည်းဝေး

Image may contain: 3 people, people sitting, table and indoor
ဘူးသီးတောင် ဒီဇင်ဘာ ၂၅
ဘူးသီးတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ ကျင်းပသည်။ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်စံသာက မိတ်ဆက်စကားပြောကြားကာ အစည်းအဝေးခေါ်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသန်းအေးက ဘူးသီးတောင် မြို့နယ်အတွင်း ရပ်/ကျေး ကော်မတီအသစ်ဖွဲ့စည်းမည့် ကိစ္စရပ်များကို ပြောကြားရာ တက်ရောက်လာသော အဖွဲ့ဝင်များက ပါဝင်ဆွေးနွေးကြသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment