Tuesday, December 26, 2017

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသနေသော လူနာများအား နံနက်စာ အာဟာရဒါနလှူဒါန်း

Image may contain: one or more people, people standing and outdoor
စစ်တွေ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ် စစ်တွေမြို့ ခုတင် ၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံ ကြီး၌ တက်ရောက်ဆေးဝါး ကုသနေကြသော လူနာများ အတွက် နံနက်စာ အာဟာရဒါနကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၅ နာရီခွဲတွင် ယင်းဆေးရုံကြီး ခြံဝင်းအတွင်း၌ စေတနာပရဟိတဖောင်ဒေးရှင်းနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းပြီး လှူဒါန်းလျက်ရှိ သည်။
အဆိုပါ ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသနေကြ သော ရဟန်းရှင်လူပြည်သူများအတွက် နံနက်စာ အာဟာရဒါနများအဖြစ် ဆန်ပြုတ်၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ သောက်သုံးရေသန့်၊ ပေါင်မုန့်နှင့် ထမင်းဟင်းများ ကျွေးမွေးဒါနပြုလျက်ရှိကြောင်း သိရသည်။
ဆေးရုံကြီးအတွင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ သုံးရက်ကို နံနက်စာ အာဟာရဒါနလှူဒါန်းမည်ဟု စေတနာပရဟိတဖောင်ဒေးရှင်းက သတ်မှတ်ထားသော် လည်း စေတနာရှင်၊ အလှူရှင်များက လှူဒါန်းလိုသောနေ့ သည် ယင်းနေ့များနှင့် မတိုက်ဆိုင်ပါကလည်း စေတနာရှင် ဖောင်ဒေးရှင်းက လှူဒါန်းနိုင်ရန်စီစဉ်ပေးလျက်ရှိကြောင်း၊ စိတ်ဝင်စား၍ လုပ်အားပေးလိုသူမည်သူမဆို လာရောက် ကုသိုလ်ပြုနိုင်ကြောင်း၊ လုပ်အားပေးများ လိုအပ်ကြောင်း၊ လုပ်အားဒါနပြုကုသိုလ်ယူနိုင်ကြောင်း စေတနာပရဟိတ ဖောင်ဒေးရှင်းမှ ဦးထွန်းဦးကျော် ကပြောကြားသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment