Sunday, December 3, 2017

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားရေးရာနှင့် ဘာသာရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

Image may contain: 2 people, people sitting
နေပြည်တော် ဒီဇင်ဘာ ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်အား ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တိုင်းရင်းသားရေးရာနှင့် ဘာသာရေးရာ ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Lu Xianbian ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
တွေ့ဆုံစဉ် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ကဏ္ဍ မြှင့်တင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားလူမျိုး များ၏ စာပေနှင့် ဘာသာစကားများကို ဖြန့်ဝေနိုင်ရေး၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ကြား နှစ်ဦးနှစ်ဖက် အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည်ပေးမှုအပေါ် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment