Monday, December 4, 2017

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်၊ လူ ၁၃ ဦးသေဆုံး

Image may contain: outdoor and water
ဆိုးလ် ဒီဇင်ဘာ ၃
ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့အနီး ကမ်းလွန်ပင်လယ်ပြင်၌ ငါးဖမ်းသင်္ဘော တစ်စင်း တိမ်းမှောက်ခဲ့သဖြင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့များက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် လူ ၂၂ ဦး လိုက်ပါစီးနင်းခဲ့သော အဆိုပါငါးဖမ်းသင်္ဘောသည် အခြား သင်္ဘောတစ်စင်းဖြင့် ဝင်တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့များက ဆိုသည်။
သင်္ဘောတိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်ကိုယ်တိုင် ဦးဆောင်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ပျောက်ဆုံးလျက်ရှိသည့် သင်္ဘောသားများအား ရှာဖွေရာတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် သမ္မတ မွန်းဂျေအန်က အမိန့်ချမှတ်ခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ပြည်သူများအား အသိပေးရန် အစိုးရအဖွဲ့တာဝန်ရှိသူများအား သမ္မတမွန်းက မှာကြား ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော သုံးနှစ်က 'ဆီဝိုးလ်'အမည်ရှိ သင်္ဘော တစ်စင်းတိမ်းမှောက်ခဲ့ရာ လူပေါင်း ၃ဝဝ နီးပါး သေဆုံးခဲ့ သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတပတ်ဂွန်ဟေးထံ အစီရင်ခံတင်ပြရန် ကြန့်ကြာခဲ့သည့်အတွက် လူအများအပြား သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများအား ပြည်သူ များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment