Sunday, December 3, 2017

Asian Challenge Cupဟော်ကီပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်း ချန်ပီယံဆုရရှိ

Image may contain: 23 people, people smiling, people standing and outdoor
ရန်ကုန် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၇ Asian Challenge Cup ဟော်ကီပြိုင်ပွဲ နောက်ဆုံး နေ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက သိမ်ဖြူဟော်ကီကွင်း၌ ကျင်းပရာ တရုတ်(တိုင်ပေ) အသင်း ဗိုလ်စွဲခဲ့ပြီး မြန်မာအသင်း ဒုတိယနေရာရရှိခဲ့သည်။
နောက်ဆုံးနေ့တွင် တရုတ်(တိုင်ပေ)အသင်းက ဘရူနိုင်းအသင်းကို ငါးဂိုး-ဂိုးမရှိ၊ အိမ်ရှင်မြန်မာအသင်းက ဟောင်ကောင်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲအပြီးတွင် တရုတ်(တိုင်ပေ)အသင်းက ခြောက်ပွဲစလုံး အနိုင်ရကာ ၁၈ မှတ်ဖြင့် ချန်ပီယံဆုရခဲ့ပြီး မြန်မာအသင်းက လေးပွဲနိုင်၊ နှစ်ပွဲရှုံး ၁၂ မှတ်ဖြင့် ဒုတိယ၊ ဟောင်ကောင် အသင်းက နှစ်ပွဲနိုင်၊ လေးပွဲရှုံး ခြောက်မှတ်ဖြင့် တတိယ ရခဲ့သည်။ ဘရူနိုင်းအသင်းမှာမူ ပွဲတိုင်းရှုံးကာ အမှတ်မရခဲ့ ပေ။ မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပထမဆုရ တရုတ် (တိုင်ပေ)အသင်းအား ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်၊ ဒုတိယဆုရ မြန်မာအသင်းနှင့် တတိယဆုရ ဟောင်ကောင်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်၊ အသန့်ရှင်းဆုံးအသင်းဆုရ ဘရူနိုင်းအသင်း၊ သွင်းဂိုးအများဆုံးဆုရ သန်းထွဋ်ဝင်း(မြန်မာ)၊ အကောင်းဆုံးဂိုးသမားဆုရ ချန်ဟောင်ဖန်(ဟောင်ကောင်)၊ အကောင်းဆုံးကစားသမားဆုရ တန်ရှန်ယီ(တရုတ်တိုင်ပေ)တို့ကို မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment