လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှ Minister Counsellor, Mr. Johan Hallenborg က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ အရေးကိစ္စများကို စနစ် တကျ ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသော သက်ဆိုင်ရာကော်မတီများ၏ လုပ်ငန်းများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေသည့် ကိစ္စများ၊ လူသားချင်းစာနာထောက်ထားသော အကူ အညီများ ကူညီရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထား ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေသောUEHRD ၏လုပ်ငန်းများ၊ လူငယ် မူဝါဒ ရေးဆွဲအတည်ပြုပြီး အဆိုပါမူဝါဒအား စတင် အကောင်အထည်ဖော်သည့်အနေဖြင့် စေတနာ့ဝန်ထမ်း လူငယ်များ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဒဏ်ခံရသူများအား လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များ ဖြန့်ဝေမှုစတင်နေသည့်လုပ်ငန်းများ၊ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ သဘောတူညီ မှုများ ချမှတ်နိုင်ရေး ဆွေးနွေးနေသည့်ကိစ္စများ၊ ပြန်လည် နေရာချထားရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပိုမို ကောင်းမွန်သော လူနေမှုဘဝတည်ဆောက်မည့် ကိစ္စများ၊ စီးပွားရေးလုပ်ငန်းရှင်အသင်းများပေါင်းစည်း၍ အဆိုပါ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီနေသည့်ကိစ္စ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment