Saturday, November 11, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက်အလှူငွေ ပေးအပ်လှူဒါန်း

Image may contain: 8 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၁ဝ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်၍ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းမှ လှူဒါန်းငွေကျပ် ၅၅ သိန်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း(မြန်မာနိုင်ငံ)မှ လှူဒါန်းငွေကျပ် ၅၅ သိန်း စုစုပေါင်း လှူဒါန်းငွေကျပ်သိန်း ၁၁ဝ အား ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့်က လက်ခံရယူသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်စန်းဝင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment