Saturday, November 11, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

Image may contain: 4 people, people sitting and table
စစ်တွေ နိုဝင်ဘာ ၁ဝ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ဒုတိယဝန်ကြီးH.E. Mr. Martin Bille Herman နှင့်အဖွဲ့သည် ယနေ့ညနေ ၄ နာရီ တွင် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေသော အခြေအနေများ၊ ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် အဖွဲ့အစည်းများ၏ ယုံကြည်မှု တည်ဆောက်ရေး အခြေအနေများ၊ ဒိန်းမတ်နိုင်ငံမှ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများ တိုးမြှင့်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေတိုရေရှည် လုပ်ဆောင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နှစ်ဖက်အဖွဲ့အစည်း များက တည်ဆဲဥပဒေနှင့်အညီ နေထိုင် သွားရေး၊ ရေရှည်တည်တံ့ပြီး တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတစ်ခုသို့ ရောက်ရှိရန် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment