Monday, November 27, 2017

MFF/MNLအကောင်းဆုံးဆုပေးပွဲ ကျင်းပ

Image may contain: 6 people, people standing
ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ (MNL) တို့ ပူးပေါင်းကျင်းပသည့်MFF/MNL Awards Night အခမ်းအနား ကို နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ MNL တစ်နှစ်တာအကောင်းဆုံးဆုကို ရတနာပုံတိုက်စစ်မှူး အောင်သူက ရရှိခဲ့သည်။
အခမ်းအနားတွင် ၂ဝ၁၇ ရာသီတွင် ကျင်းပခဲ့သည့် ပြည်တွင်းပြိုင်ပွဲများ တွင် ဆုရခဲ့သည့်အသင်းများ၊ လိဂ်အလိုက်အကောင်းဆုံးဆုများ၊ သွင်းဂိုးအများ ဆုံးဆု၊ ၂ဝ၁၇ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် တတိယရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနှင့် ဒိုင်လူကြီးဆုများ ပေးအပ်ချီးမြှင့်သည်။ ၂ဝ၁၇ ရာသီတွင် ကျင်းပခဲ့သည့်ပြိုင်ပွဲများအနက်MNL-2 ယူ-၁၈ ပြိုင်ပွဲတွင် ပထမ ရခဲ့သည့် မြဝတီအသင်းအား ဆုဖလားနှင့် ကျပ်သိန်း ၁ဝဝ၊ သွင်းဂိုး အများဆုံး ရရှိသည့် စည်သူဝင်း(မဟာ)နှင့် မင်းခန့်သိန်း(စီးတီးစတား)တို့အား ဆုတံဆိပ် နှင့် ကျပ်သုံးသိန်းစီ၊အကောင်းဆုံးရရှိသည့် သူရိန်ကျော်ဇော (မောရဝတီ)အား ဆုတံဆိပ်နှင့် ကျပ်သုံးသိန်း၊ MNLယူ-၁၉ အမှတ်ပေးပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ရှမ်းယူနိုက်တက်အသင်းအား ဆုဖလားနှင့် ကျပ်သိန်း ၁ဝဝ၊ သွင်းဂိုး အများဆုံးဆုနှင့် အကောင်းဆုံးဆုရခဲ့သည့် လွမ်းမိုးဦး (ရန်ကုန်) အား ဆုတံဆိပ်နှင့် ကျပ်သုံးသိန်းစီ၊ MNL -2 ယူ-၂ဝ အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖီးနစ်(ခ)အသင်းအား ဆုဖလား၊ သွင်းဂိုးအများဆုံးရသည့် နေရဲဟန်(မြဝတီ)နှင့် အကောင်းဆုံးဆုရရှိသည့် ငြိမ်းချမ်းစိုး (ငွေကြယ်ပွင့်) တို့အား ဆုတံဆိပ်နှင့် ကျပ်ငါးသိန်းစီ၊ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီအသင်းအား ဆုဖလားနှင့် ကျပ်သိန်း ၂ဝဝ၊ သွင်းဂိုးအများဆုံးဆုနှင့် အကောင်းဆုံးဆုရရှိသည့် တည်ငြိမ်မင်း (ရခိုင်)အား ဆုတံဆိပ်နှင့် ငွေကျပ်ခုနစ်သိန်းစီ၊ MNL-2 အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရ ရှိသည့် စီးတီးရန်ကုန်အသင်းအား ဆုဖလားနှင့် ကျပ်သိန်း ၃ဝဝ၊ ဒုတိယဆုရရှိသည့် မဟာယူနိုက်တက်အသင်းအား ကျပ်သိန်း ၁၅ဝ၊ တတိယဆုရ မြဝတီအသင်းအား ကျပ်သိန်း ၁ဝဝ၊ အသန့်ရှင်းဆုံးအသင်းဆုရသည့် ဒဂုံအသင်းအား ဆုဖလား၊ သွင်းဂိုးအများဆုံးဆုနှင့် အကောင်းဆုံးဆုရသည့် ဂျိုးဇက် (စီးတီး ရန်ကုန်)အား ဆုတံဆိပ်နှင့် ဆုကြေးငွေ၊KBZ Bank Women's League ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးဆုရ ဝင်းသိင်္ဂီထွန်း (မြဝတီ)၊အကောင်းဆုံး ဆုရသည့် ခင်မာလာထွန်း(အား/ကာ)၊ အကောင်းဆုံးဂိုးသမားဆုရ မေဇင်နွယ် (မြဝတီ)၊ အတိုးတက်ဆုံး ဒိုင်လူကြီးဆုကို ဒေါ်စိမ်းချိုအောင်၊ အတိုးတက်ဆုံးစည်းကြပ် ဒိုင်ဆုကို ဒေါ်စုငြိမ်းအေး၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ဒုတိယဆုရ ရန်ကုန်အသင်းအား ကျပ်သိန်း ၁၅ဝ၊ ပထမဆုရ ရှမ်းယူနိုက်တက် အသင်းအား ဒိုင်းဆုနှင့် ကျပ်သိန်း ၃ဝဝ၊MNLအမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရသည့် ရှမ်းယူနိုက်တက်အသင်း၊ ဒုတိယဆုရ ရန်ကုန်အသင်း၊ တတိယဆုရ ရတနာပုံအသင်း၊ စတုတ္ထဆုရ ဧရာဝတီအသင်းနှင့် ပဉ္စမဆုရ ရခိုင်အသင်း၊ အသန့်ရှင်းဆုံးအသင်းဆုရ ဇွဲကပင်အသင်း၊သွင်းဂိုးအများဆုံးရသည့် မာတူနာ(ဧရာဝတီ)နှင့် ခရစ္စတိုဖာ (ရှမ်းယူနိုက်တက်)၊ အကောင်းဆုံး ဆုရသည့် အောင်သူ (ရတနာပုံ)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Best Service Awards ဆုရ ဦးတင်အောင်(ဂိုး)၊အာဆီယံဖူဆယ်ပြိုင်ပွဲတွင် တတိယ နှင့် အသန့်ရှင်းဆုံးအသင်းဆုရ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတို့ အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
သတင်း-ရဲရင့်ရှိုင်း၊ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment