Monday, November 27, 2017

စစ်တွေမြို့၌ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ လည်ပင်းကြီး၊ မီးလောင်ဒဏ်ရာ၊ ခြေပူးလက်ပူးနှင့် အဆီကျိတ်ရောဂါများ အခမဲ့ခွဲစိတ်ကုသ

Image may contain: 3 people, people standing
စစ်တွေ နိုဝင်ဘာ ၂၆
ပြည်တွင်း၊ ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်ကြီး၏ သြဝါဒအရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ကမကထပြုလျက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အဓိကပံ့ပိုးကူညီ မှုဖြင့် စစ်တွေမြို့၌ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ လည်ပင်းကြီး၊ မီးလောင် ဒဏ်ရာ၊ ခြေပူးလက်ပူးနှင့် အဆီကျိတ်ရောဂါများကို ဂျာမနီ နိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် စစ်တွေမြို့ ခုတင် ၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများက (၇)ကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသကြောင်း သိရသည်။
အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ လည်ပင်းကြီး၊ မီးလောင်ဒဏ်ရာ၊ ခြေပူးလက်ပူးနှင့် အဆီကျိတ်ရောဂါများကို ယနေ့ ညနေ ၅ နာရီခွဲ တွင် အလိုတော်ပြည့်ကျောင်းတိုက်ဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ကုသမည့် လိုအပ်သည့်လူနာများကို စစ်တွေမြို့ ခုတင် ၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသလျက်ရှိသည်။
အဆိုပါ ခွဲစိတ်ကုသရာတွင် အာခေါင်ကွဲ ၃၄ ဦး၊ နှုတ်ခမ်းကွဲ ခုနစ်ဦး၊ လည်ပင်းကြီး ၇၆ ဦး၊ မီးလောင်ဒဏ်ရာ ၂၃ ဦး၊ ခြေပူး လက်ပူး ၁၄ ဦး၊ အဆီကျိတ် ၃၅ ဦးနှင့် အာခေါင်ကွဲ နှုတ်ခမ်းကွဲ ၁၇ ဦးတို့ကို အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment