Monday, November 27, 2017

ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

Image may contain: tree, car and outdoor
တောင်ငူ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇရပ်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်က ခြောက်ဘီး ကရိန်းယာဉ်နှင့် အိမ်စီးယာဉ်ငယ်တို့ အရှိန်လွန်ပြီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။
သတင်းအရ ကျွန်းကုန်းနယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်အောင်ဇော်မင်း ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ကျော်ဝင်းနိုင်(၃၄)နှစ် လယ်ဝေး မြို့နယ်နေသူ မောင်းနှင်ပြီး ကိုဝင်းတင့် (၄၅)နှစ် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုထွေး (၂ဝ)နှစ် ကြာအင်းကျေးရွာ၊ တစ်ရွာ တည်းနေ ဟိန်းမင်းဇော်(၂၂)နှစ်၊ ထွန်းမင်းလတ်(၂၈)နှစ် သန်လျင် မြို့နယ်နေသူတို့ လိုက်ပါလာသော ခြောက်ဘီးကရိန်းယာဉ်နှင့် ရှေ့ မျက်နှာချင်းဆိုင်ဘက်မှ ဦးခင်ဇော် (၄၈)နှစ် (၁၅)ရပ်ကွက် တောင်ငူမြို့ နေသူမောင်းနှင်ပြီး ရဲအုပ်တင်လင်း (၄၂)နှစ် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ရုံးတို့ လိုက်ပါလာသောယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိရာ ယာဉ် ငယ်ပေါ်တွင် လိုက်ပါလာသော ဦးခင်ဇော်နှင့် ရဲအုပ်တင်လင်းတို့ နှစ်ဦးအပါအဝင် ကရိန်းယာဉ်ပေါ် တွင်လိုက်ပါလာသူ ဟိန်းမင်းဇော်တို့ သုံးဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံး သွားခဲ့ပြီး ကျန်လေးဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိသွားခဲ့သည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ ကျွန်းကုန်း နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment