Monday, November 27, 2017

ငြိမ်းချမ်းရေးဂီတပွဲတော် Level 3ပွဲစဉ်(၄)အတွက် အလှူရှင်များက ပါဝင်ကူညီလှူဒါန်း

Image may contain: 4 people, people smiling, text
ရန်ကုန် နိုဝင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) က စီစဉ်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Level 3 ပွဲစဉ်(၄) သီချင်းဆိုပြိုင်ပွဲကို ယနေ့ည ၈ နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ဝင်းအတွင်းရှိ Hexagon Complex ၌ ကျင်းပခဲ့သည်။
ငြိမ်းချမ်းရေးဂီတပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်း ၁ဝဝ ကို အလှူရှင် ဦးကျော်နေဝင်း၊ ငွေကျပ် ၁ဝ သိန်း အလှူရှင်များ ဖြစ်သည့်Hitachi Soe Electrical and Machinery Co.,Ltd စက်မှုဇုန် ဥက္ကဋ္ဌ ဦးကျော်မင်းထွန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၁) စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဝင်း စားသောက်ဆိုင်လုပ်ငန်းမိသားစုမှ ဒေါ်ခင်ခင်ဝင်းတို့က အသီးသီးပေးအပ်လှူဒါန်းရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ဇူလိုင်လမှစတင်ကာ ကျင်းပခဲ့ရာ မြို့ကြီး ၁၁ မြို့တွင်Level 1ပွဲစဉ် ၁၂ ခု၊ မန္တလေးနှင့် နေပြည်တော်တွင် Level 2ပွဲစဉ် လေးခု၊ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် Level 3 ပွဲစဉ် သုံးခုတို့ကို ကျင်းပခဲ့ပြီး ဖြစ်သည်။
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲများကို သတ်မှတ်မြို့များ အလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ရာတွင်လည်း ငြိမ်းချမ်းရေးဂီတပွဲတော် မိသားစုနှင့် စေတနာရှင် အလှူရှင်များက ပြိုင်ပွဲကျင်းပရာ မြို့များရှိ တိုက်ပွဲရှောင် ယာယီစခန်းများ၊ IDPစခန်းများ၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ နေရာဌာနများသို့ သွားရောက်၍လည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment