Monday, November 27, 2017

မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေး အလုပ်ရုံဆွေးနွေး

Image may contain: one or more people and people sitting
မြောက်ဦး နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့အား ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် work shop နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် မြောက်ဦးရှေးဟောင်းမြို့တော်အား ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရှေးဟောင်း မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးတို့ကို အဓိကထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း လမ်းညွှန် မှာကြားသည်။ ဆက်လက်၍ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ပညာပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌက အမှိုက်သရိုက်များနှင့် ရှေးဟောင်းရေတံခါးများ ရှေးမူမပျက် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်း သပ်ရပ်သည့်ရှေးဟောင်းမြို့တော်ဖြစ်လာစေရန် မြောက်ဦး မြို့အား ပြည်သူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများက မြို့သန့်ရှင်း သာယာလှပရေး၊မြောက်ဦးရှေးဟောင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ၊နေအိမ်များ၊ကျောင်းများ၊ဘုရားများ၊ရုံးများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နေရာများနှင့် တစ်မြို့လုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ရေကောင်းရေသန့်များ ရရှိအောင် နိုင်ငံသား တစ်ဦးအနေဖြင့် မည်သို့တာဝန်ယူဆောင်ရွက် သင့်ကြောင်း၊ မြောက်ဦးမြို့၌ မိုးရာသီနှင့် နွေရာသီကာလ များတွင် ရေမြောင်းများ၏ အခြေအနေနှင့် အကျိုး သက်ရောက်မှုများကို တက်ရောက်လာကြသူများက တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment