Monday, November 27, 2017

ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

Image may contain: one or more people, tree, grass, plant, shoes, child, outdoor and nature
နေပြည်တော် နိုဝင်ဘာ ၂၆
အမှတ်(၃) ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၃ဝ)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး အောင်မြသန်း ဦးစီးသည့် တပ်ဖွဲ့ဝင် ၅၅ ဦး တို့သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီမှ ၁၁ နာရီထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန်အောင် တပ်ဦးဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ အောင်သပြေတစ်ထောင်ဘုရားဝင်း အတွင်းအပြင် မြက်ပင်များရှင်းလင်းခြင်းဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment