Monday, November 27, 2017

ပီအက်စ်ဂျီနှင့် စီရိုနယ်လ်ဒို လျှို့ဝှက်ဆွေးနွေးမှု လုပ်ဆောင်ခဲ့

Image may contain: 1 person, standing
ရီးယဲလ်မက်ဒရစ်နှင့် စီရိုနယ်လ်ဒိုတို့ စာချုပ်သစ်ဆွေးနွေးမှု မရေမရာဖြစ်နေသည့် အနေအထားမှာပင် ကစားသမား၏ အေးဂျင့် ဂျော့ဂ်ျမန်းဒက်ဇ်က ပီအက်စ်ဂျီအသင်းနှင့် ချိတ်ဆက်မှုများဆောင်ရွက်နေပြီဖြစ်သည်။ စီရိုနယ်လ်ဒိုနှင့် ပီအက်စ်ဂျီကိုယ်စားလှယ်တို့ မက်ဒရစ်ဟိုတယ်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ရိုဒရီဂိုးက စတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရီးယဲလ် ဥက္ကဋ္ဌပီရက်ဇ်က စီရိုနယ်လ်ဒိုနှင့် စာချုပ်သစ်ချုပ်ဆိုရေးကို အလျင်စလို ဆောင်ရွက် ရန် ဆန္ဒမရှိသဖြင့် စာချုပ်ကိစ္စမှာ နှောင့်နှေးနေချိန်တွင် စီရိုနယ်လ်ဒိုက ရီးယဲလ်နှင့် စာချုပ်သစ်ဆွေးနွေးမှုများ ရပ်တန့်ထားရန် မန်းဒက်ဇ်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက်က မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ ချုပ်ဆိုခဲ့သည့် စာချုပ်သစ်တွင် မက်ဆီ၏ တစ်ပတ်လုပ်ခလစာမှာ ယူရို ၆၄ဝဝဝဝ ဖြစ်ရာ ရီးယဲလ်နှင့် စီရိုနယ်လ်ဒိုတို့ ယမန်နှစ် ချုပ်ဆိုခဲ့သည့် စာချုပ်တန်ဖိုးထက် ယူရိုသန်း ၁ဝဝ များပြားနေသောကြောင့် ယင်းအတွက် စီရိုနယ်လ်ဒိုက ဒေါသထွက်နေခဲ့ကြောင်း စပိန်မှလာသော သတင်းရင်းမြစ် များက ဖော်ပြသည်။ စီရိုနယ်လ်ဒိုသည် ရီးယဲလ်တွင် တစ်ပတ်လုပ်ခ ယူရို ၄ဝဝဝဝဝ သာ ရရှိနေခြင်းကြောင့် လစာတိုးမြှင့်မပေးပါက အသင်းပြောင်းရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
စီရိုနယ်လ်ဒိုက ရီးယဲလ်နှင့် ၂ဝ၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသော်လည်း လစာနှုန်းထား ပိုမိုပေးသော ကလပ်အသင်းရှိပါက ရာသီကုန်တွင် ရီးယဲလ်မှထွက်ခွာရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ စီရိုနယ်လ်ဒိုမှာ ဖက်ရှင်ဘက်ကိုလည်း အလေးထားသူဖြစ်ရာ ဖက်ရှင်မြို့တော် ပဲရစ်မှာ စီရိုနယ်လ်ဒိုအတွက် ကွန်းခိုရာ ရပ်ဝန်းဖြစ်လာနိုင်ဖွယ်ရှိသည်။
စီရိုနယ်လ်ဒိုက မက်ဆီ၊ နေမာတို့ကဲ့သို့ တစ်ပတ်လုပ်ခ ယူရို ခြောက်သိန်းအထက် ရရှိလိုနေပြီး ရီးယဲလ်ကိုလည်း လက်ရှိလစာနှုန်းထားထက် တိုးမြှင့်ပေးချေရန် တောင်းဆို နေသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် စီရိုနယ်လ်ဒိုက ရီးယဲလ် တွင်သာ ဆက်နေလိုသည့် ဆန္ဒဘက်ကို ပိုမိုအလေးသာရာ အကယ်၍ ရီးယဲလ်ကသာ လုပ်ခလစာနှုန်းထားတိုးမြှင့်ပေးမည်ဆိုပါက ရီးယဲလ်အတွက်သာ ဆက်လက်ကစားရန် ရှိနေကြောင်းလည်း သိရသည်။
မေလဲ့သင်း

No comments:

Post a Comment