Monday, November 27, 2017

ပန်းရန်၊ လက်သမားသင်တန်းသားများ ပြုလုပ်ခဲ့သည့် အုတ်ရေကန် ကျေးရွာသို့ လွှဲပြောင်းပေးအပ်

Image may contain: one or more people, people standing, tree, sky and outdoor
တာချီလိတ် နိုဝင်ဘာ ၂၆
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရန်၊ လက်သမားသင်တန်း သားများဖြင့် ဆောင်ရွက်ခဲ့သော အုတ်ရေကန် အား ကျေးရွာရေပေးရေးကော်မတီသို့ လွှဲပြောင်း ပေးအပ်ခြင်းကို နိုဝင်ဘာ ၂၄ ရက်က တာချီလိတ် မြို့နယ် ဖန်မင်ကျေးရွာအုပ်စု စပါယ်ကျေးရွာ၌ ပြုလုပ်သည်။
အုတ်ရေကန် လွှဲပြောင်းပေးအပ်ရာတွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ ခေတ္တ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း၊ ဖန်မင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသိန်းတိုးတို့က ကွင်းဆင်းကြည့်ရှုခဲ့ပြီး စပါယ်ကျေးရွာ ရေပေးရေး ကော်မတီအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ရေကန်ကို ရှမ်းပြည်နယ်(အရှေ့) တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရန်၊ လက်သမားသင်တန်း သား ၃ဝ တို့၏လုပ်အားဖြင့် ဖန်မင်ကျေးရွာအုပ်စု စပါယ်ကျေးရွာတွင် တည်ဆောက်ခဲ့ပြီး ရေဂါလန် ၂ဝဝဝ ဝင်ဆံ့ကြောင်း သိရသည်။
နေလင်း

No comments:

Post a Comment