Monday, November 27, 2017

ဘေးလ်အတွက် မန်ယူကို ဇီဒန်း သတိပေးလိုက်ပြီ

Image may contain: 2 people
ရီးယဲလ်တောင်ပံတိုက်စစ်မှူး ဂါရတ် ဘေးလ်ကို မန်ယူအသင်းက ချိတ်ဆက်မှု များ တောက်လျှောက်ပြုလုပ်နေရာ နည်းပြ ဇီဒန်းက ဘေးလ်မှာ ရီးယဲလ် အတွက် အရေးပါဆဲဖြစ်သည်ဟူသော စကားဖြင့် မန်ယူအသင်းကို သတိပေးမှု ပြုလိုက်ပြီဖြစ်သည်။ ဘေးလ်မှာ ဒဏ်ရာ ပြဿနာကြောင့် စက်တင်ဘာလကတည်းက အနားယူနေရပြီး ဒဏ်ရာ မကြာခဏရနေသဖြင့် ဘေးလ်ကို ရီးယဲလ်က လာမည့် နွေဈေးကွက် အတွင်း ထုတ်ရောင်းမည်ဟူသော သတင်း များ ထွက်လာခဲ့ခြင်းဖြစ်သည်။
အစ္စကိုနှင့် အဆန်စီယိုတို့သည် ဘေးလ်၏နေရာကို အကောင်းဆုံးဖြည့်စွက် ကစားနိုင်သူများဖြစ်ရာ ဘေးလ်၏ အခန်း ကဏ္ဍမှာ ပျောက်သထက် ပျောက်ဆုံး လာသည့်သဘောဖြစ်နေပြီး ရီးယဲလ်က ဘေးလ်ကို စိတ်မရှည်တော့ဘဲ အရောင်း စာရင်းတွင် ထည့်သွင်းထားကြောင်း သတင်းများ ထွက်လာခဲ့သည်။
သို့သော် ဇီဒန်းက ''ဘေးလ်က ကျွန်တော်တို့ကို ဘာတွေပေးနိုင်သလဲဆိုတာ ကောင်းကောင်းသိပါတယ်၊ အများကြီးပဲ၊ သူက လျင်မြန်တယ်၊ နည်းစနစ်ပိုင်း တကယ့်ကို ကောင်းမွန်ပါတယ်၊ ပြင်းပြင်း ထန်ထန်ကြိုးစားတတ်သူ ဖြစ်တယ်''ဟု ဆိုခဲ့သည်။ ဘေးလ်ကို ရီးယဲလ်မက်ဒရစ် အသင်းက ၂ဝ၁၃ ခုနှစ် နွေဈေးကွက်တွင် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၈၃ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘေးလ်မှာ ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ် ဖလား သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သော်လည်း ဒဏ်ရာပြဿနာ မကြာခဏကြုံတွေ့နေရပြီးနောက် ရီးယဲလ် မှ ထုတ်ရောင်းခံရတော့မည့်ကစားသမား အဖြစ် နာမည်ထွက်နေခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment