Monday, November 27, 2017

အီရန်၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရေး တောင်ကိုရီးယားအစိုးရ အလေးထားဟု သံအမတ်ကြီးပြော

Image may contain: 1 person
တီဟီရန် နိုဝင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံသည် အီရန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းမှ ယင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းသို့ ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း အီရန်ဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ကင်ဆောင်းပိုက ပြောကြားလိုက်ကြောင်း ဖိုင်နန်ရှယ်ထရီဗြွန်းသတင်းစာက နိုဝင်ဘာ ၂၆ ရက်တွင် ရေးသားဖော်ပြ သည်။
အီရန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ပြုလုပ်ကြရန် ကိုရီးယားကုမ္ပဏီများအား တောင်ကိုရီးယားအစိုးရအဖွဲ့က တိုက်တွန်းလျက်ရှိကြောင်း သံအမတ်ကြီးကင်က ဖိုင်နန်ရှယ်ထရီဗြွန်းသတင်းစာ၏ လူတွေ့မေးမြန်းခန်းတွင် ပြောကြားသည်။
အီရန်နှင့် တောင်ကိုရီးယားကုမ္ပဏီများသည် ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ်သို့ ယင်းတို့၏ စီမံကိန်းများကို တင်ပြမည်ဆိုပါက အဆိုပါဘဏ်က အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော စီမံကိန်းများ ဟုတ်၊ မဟုတ် စိစစ်သုံးသပ်ကာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
အီရန်နိုင်ငံသည် တောင်ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ်နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ချေးငွေဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အီရန်နိုင်ငံ၌ အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းအမျိုးမျိုးအတွက် ဘဏ္ဍာရေးထောက်ပံ့ပေးနိုင်ရေးအတွက် ချေးငွေ ဒေါ်လာ ၉ ဒသမ ၅၄ ဘီလီယံအထိ အကျုံးဝင်မည့် သဘောတူညီချက်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
အီရန်နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခြေအနေတိုးတက်စေရေးအတွက် အီရန်အစိုးရက လုပ်ဆောင်ပေးရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။ လွန်ခဲ့သည့် ၁ဝ နှစ်တာကာလပတ်လုံး နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၃၃ ဘီလီယံဖိုးအထိ ရှိခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment