Monday, November 27, 2017

တရုတ်နိုင်ငံ ကျယ်ကျန်းစီရင်စုတွင် အားပြင်းသောပေါက်ကွဲမှုတစ်ခုဖြစ်၊ အနည်းဆုံးလူသုံးဦး သေဆုံး

Image may contain: 2 people, people standing, hat and outdoor
ပေကျင်း နိုဝင်ဘာ ၂၆
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကျယ်ကျန်းစီရင်စုတွင် နိုဝင်ဘာ ၂၆ ရက်က အားပြင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ် ကာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆောက်အအုံများပြိုကျမှုကြောင့် လူသုံးဦးသေဆုံး ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု၏ အကြောင်းရင်းခံကို ရဲအရာရှိများက လိုက်လံစုံစမ်းလျက်ရှိ သည်။
နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ရှန်ဟိုင်းမြို့တောင်ဘက် ကီလိုမီတာ ၁ဝဝ ခန့်အကွာအဝေး တွင် တည်ရှိသော ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်သည့် နင်ပေါ်မြို့ရှိ စက်ရုံတစ်ရုံ၌ အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရပြည်သူများ၊ မျက်မြင်သက်သေများနှင့် နင်ပေါ်မြို့ မီးသတ်ဌာနတို့က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
စီစီတီဗွီသတင်းဌာနက အဆိုပါပေါက်ကွဲမှုသည် စက်ရုံမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခြင်းမရှိသော် လည်း ပေါက်ကွဲမှု၏ ပြင်းအားကြောင့် အဆောက်အအုံ အချို့၏ နံရံများတွင် အပေါက်များဖြစ်ပေါ်ခဲ့ပြီး ပြတင်း တံခါးမှန်များ ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများအောက်တွင် ပိမိနေသူများကို ကယ်ဆယ်ရေးလုပ်သားများနှင့် မီးသတ်အဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment