Sunday, November 26, 2017

ထိုင်းနိုင်ငံ၌ ယာဉ်တိုက်မှုဖြစ်၍မြန်မာလုပ်သား ၁၄ ဦး မီးလောင်သေဆုံး

Image may contain: one or more people and people standing
ဘန်ကောက် နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံ၌ နိုဝင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက လွတ်တုတ်(ပေါင်မုန့်)ယာဉ်နှင့် ကုန်တင်ယာဉ်တို့တိုက်မိ၍ ယာဉ်ပေါ်ပါ မြန်မာလုပ်သား ၁၄ ဦး မီးလောင်သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ စင်ဘူရီပြည်နယ်ရှိ အာရှ လမ်းမကြီး မိုင်တိုင်အမှတ် ၉ ဝ-၆ဝဝ ၌ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က လိုင်စင်နံပါတ် 81-7407 Nakhon Sawan (နကော်စဝမ်) ကုန်တင်ယာဉ် နှင့် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မောင်းနှင်လာသည့် လိုင်စဉ်နံပါတ် 33-3241 Bangkok(ဘန်ကောက်) ခရီး သည်တင် လွတ်တုတ်(ပေါင်မုန့်)ယာဉ်တို့ တိုက်မိခဲ့ခြင်း ဖြစ်ပြီး ခရီးသည်တင် လွတ်တုတ်(ပေါင်မုန့်)ယာဉ်မှာ ယာဉ် တစ်စီးလုံးမီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင် လွတ်တုတ်(ပေါင်မုန့်) ယာဉ်မောင်း ထိုင်းနိုင်ငံသားအပါအဝင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ လိုက်ပါစီးနင်းလာကြသည့် မြန်မာနိုင်ငံ သား ၁၄ ဦးမှာလည်း မီးလောင်သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ထိုင်းနိုင်ငံရှိ SAW အဖွဲ့မှ ကနဦး သိရ သည်။
ပွင့်သစ္စာ

No comments:

Post a Comment