Sunday, November 26, 2017

အက်စစ်များ တင်ဆောင်လာသောယာဉ်ပေါ်မှ အက်စစ်ပုံးများပြုတ်ကျရာ ဆိုင်ကယ်စီးနင်းသူအား ထိမှန်

Image may contain: outdoor
ဖြူး နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့၌ နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီက အက်စစ်များတင်ဆောင်လာသောယာဉ်ပေါ်မှ အက်စစ်ပုံးများ ပြုတ်ကျဖိတ်စဉ်သဖြင့် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း သွင်ထူးဆီဆိုင်အနီး ရန်ကုန်မှ ကြေးစင်တောင်၊ စံပယ်တောင်သို့ ယာဉ်မောင်း အောင်ဇော်(၃၉)နှစ် မောင်းနှင်သော ၁၈ ဘီး ယာဉ်ပေါ်မှ ဆာလဖျူရစ်အက်စစ် ၁၉ ပုံး အနက် ကိုးပုံးမှာ ကားလမ်းအရှေ့ဘက်သို့ ပြုတ်ကျ၍ ပုံးများကွဲပေါက်ကာ အက်စစ်များ ဖိတ်စဉ်ခဲ့သည်။
အဆိုပါယာဉ်၏နောက်မှ ဆိုင်ကယ်ဖြင့်လာသော ဇနီးမောင်နှံနှစ်ဦး အား ဆာလဖျူရစ်အက်စစ်များ ဖိတ်စဉ်ထိမှန်ခဲ့သဖြင့် ဇေယျဝတီတိုက်နယ် ဆေးရုံသို့ပို့ဆောင်ရာ ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ဇော်အား ဖြူးမြို့နယ် ဇေယျဝတီနယ်မြေရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment