Sunday, November 26, 2017

Asian Challenge Cup ဟော်ကီပြိုင်ပွဲ ဖွင့်ပွဲနှင့် ပထမနေ့ပွဲစဉ်များ ကျင်းပ

Image may contain: one or more people and outdoor
ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၇ Asian Challenge Cup ဟော်ကီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူဟော်ကီကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြား သည်။
ယင်းနောက် ပထမနေ့ပွဲစဉ်များကို စတင်ကျင်းပရာ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ)အသင်းတို့ နိုင်ပွဲများရခဲ့သည်။ အိမ်ရှင်မြန်မာအသင်းသည် တရုတ်(တိုင်ပေ)အသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ရပြီး လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ပထမပွဲတွင် ဟောင်ကောင်အသင်းက ဘရူနိုင်းအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းအပါအဝင် တရုတ်(တိုင်ပေ)၊ ဟောင်ကောင်နှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်နေပြီး ပတ်လည်နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် ဟောင်ကောင်အသင်းနှင့် တရုတ်(တိုင်ပေ)အသင်း၊ ညနေ ၃ နာရီတွင် မြန်မာအသင်းနှင့် ဘရူနိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment