Wednesday, November 29, 2017

ဘူးသီးတောင်မြို့၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်

Image may contain: sky, plant and outdoor
ဘူးသီးတောင် နိုဝင်ဘာ ၂၈
ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်တွင် နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီ က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အမှတ် ၂ ရပ်ကွက်ရှိ ဦးဒါနီရောင် (၃ဝ)နှစ်သည် ဆိုက္ကားနင်း ရန် ထွက်သွားချိန်တွင် ၎င်း၏ နေအိမ်ရှိ မီးကြွင်းမီးကျန်မှ မီးစတင်လောင်ခဲ့ခြင်း ဖြစ်ကြောင်း၎င်း၏ဇနီးဖြစ်သူ ဒေါ်အာဘော်နီး (၂၈)နှစ်ကပြောသည်။ မီးလောင် မှုကို တာဝန်ရှိသူများက အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့သဖြင့် အခြားနေအိမ်များသို့ မီးမကူးစက်ဘဲ ၎င်းနေအိမ်တစ်လုံးသာ မီးလောင်ခဲ့ကြောင်း သိရသည်။ အဆိုပါနေအိမ်မှာ အလျား ၁၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁ဝ ပေရှိ ဝါးကာ၊ ဓနိမိုးအိမ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment