Wednesday, November 29, 2017

ဒီးမော့ဆိုမြို့နယ်ရှိ ဘိန်းခင်းများ ဖျက်ဆီး

Image may contain: one or more people, plant, flower, grass, tree, sky, outdoor and nature
ဒီးမော့ဆို နိုဝင်ဘာ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ လွိုင်ကော်မူးယစ်တပ်ဖွဲ့စု(၂ဝ)မှ ဒုရဲမှူး မြင့်ဝင်း နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မှ ဗိုလ်ကြီး ရှိန်းထက်ဇော် ဦးစီး တပ်ဖွဲ့ဝင်များ စုစုပေါင်း ၆၆ ဦးက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါရောက်ခူ ကျေးရွာ၊ လိုဘာခိုကျေးရွာနှင့် ဆောင်ဒူကျေးရွာများရှိ ဘိန်းခင်းများကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဘိန်းခင်းများဖျက်ဆီးရာတွင် ဒေါရောက်ခူကျေးရွာ အနောက်ဘက် နှစ်မိုင် ခန့်အကွာ၌ အဖူးကင်းစအရွယ်နှင့် ပွင့်၊ သီးနေသည့် ဘိန်းစိုက်ခင်း ၂၇ ဧက ကို လည်းကောင်း၊ လိုဘာခိုကျေးရွာ၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် အကွာရှိ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း တစ်ဧကခွဲနှင့် ဆောင်ဒူကျေးရွာ အရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း တစ်ဧကခွဲ စုစုပေါင်း ဘိန်းစိုက်ဧက ၃ဝ ခန့်အား ဖျက်ဆီးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment