Wednesday, November 29, 2017

လူကာကူ ပြစ်ဒဏ်ချမှတ်မခံရခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်

Image may contain: people playing sports and stadium
မန်ယူတိုက်စစ်မှူး လူကာကူမှာ ဘရိုက်တန်နောက်ခံလူ ဂေတန်ဘောင်းကို နှစ်ချက်ဆင့်ကန်ရန် ကြိုးပမ်းခဲ့သော်လည်း ပွဲချိန်အတွင်း ဒိုင်အဖြစ် တာဝန်ယူသူများက မြင်တွေ့ခဲ့ခြင်းမရှိသလို အက်ဖ်အေ ကလည်း နောက်ကြောင်းပြန်အရေးယူမှုမျိုး ဆောင်ရွက်မည်မဟုတ်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကိစ္စရပ်အပေါ် ဝေဖန်မှုများထွက်လာခဲ့သည်။ လူကာကူ၏လုပ်ရပ်ကို ဒိုင်လူကြီး နေးလ်ဆွာ ဘရစ်ခ်ျက မြင်တွေ့ခြင်းမရှိသဖြင့် ပွဲချိန်အတွင်း အရေးယူမှုတစ်စုံတစ်ရာချမှတ်ခြင်းမရှိခဲ့သလို အက်ဖ်အေ(အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်)ကလည်း နောက်ကြောင်းပြန်အရေးယူမှုမျိုးမလိုအပ်ကြောင်း ကြေညာခဲ့သည်။
ယခင်ပရီမီယာလိဂ်တွင် ဒိုင်အဖြစ်ဆောင်ရွက်ခဲ့သူ မာ့ခ်ဟော်ဆေးလ်က လူကာကူ ကံကောင်း လွန်းသည်ဟု မှတ်ချက်ပြုခဲ့သလို ဘီဘီစီအားကစားသတင်းတင်ဆက်သူ အီယန်ရိုက်ကလည်း အက်ဖ်အေကို ပြစ်တင်ဝေဖန်မှုပြုခဲ့သည်။ လူကာကူအနေဖြင့် ဘောင်းကို နှစ်ချက်ဆင့် ကန်ရန် ကြိုးပမ်းခဲ့မှုသည် ဥပဒေ ၁၂ အရ အပြစ်ကျူးလွန်ခြင်းဖြစ်သော်လည်း အရေးယူမှု မရှိခဲ့သဖြင့် ဝေဖန်မှုများ သောသောညံခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment