မြန်မာကင်းထောက် ရာပြည့်ပွဲတော်အထိမ်းအမှတ်အခမ်းအနားအောင်မြင်မှုကိုဂုဏ်ပြုသည့် မြန်မာကင်းထောက်ဂီတပွဲတော်ကို နိုဝင်ဘာ ၁၂ ရက်တွင်
သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ဂီတအနုပညာရှင်များစွာ ပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကင်းထောက်များ၏လှုပ်ရှားမှုပုံရိပ်များနှင့် ဂီတပွဲတော်ကျင်းပသည့် ရည်ရွယ်ချက် အစီအစဉ်များကို မေးမြန်း ဖော်ပြလိုက်ရပါသည်။
ဒေါက်တာတင်ညို
(အမျိုးသားကင်းထောက်ချုပ်)
(အမျိုးသားကင်းထောက်ချုပ်)
ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ ဒီကင်းထောက်ဂီတပွဲတော်ဟာ အနုပညာရှင်တွေပါဝင်တဲ့အပြင် ကင်းထောက်တွေရဲ့ပုံရိပ်လှုပ်ရှားမှု မြင့်မားစေမယ့် ကင်းထောက်တွေခံယူထားတဲ့ကတိ၊ ကျင့်ဝတ်ဆယ်ပါး သရုပ်ဖော်နိုင်တဲ့အတိုင်းအတာအထိ မြန်မာကင်းထောက် အဖွဲ့က စီစဉ်ထားပါတယ်။ ဒီပွဲမှာ အဓိက သီချင်းတွေဖြစ်ကြတဲ့ ကင်းထောက်ကြီး အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ ရေးစပ်ထားတဲ့ ''ကင်းထောက်ဂုဏ်ရည်''ဲ့World(Scout)Song၊ ကင်းထောက်တွေအားလုံးပါဝင် သီဆိုထားတဲ့ 'ပြည်သူအတွက် အဆင်သင့်' ရယ် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကင်းထောက်တွေ ငြိမ်းချမ်းရေး အတွက် Peace Starts With Me မိမိတို့ကိုယ်တိုင်ကအစ ငြိမ်းချမ်းမှဖြစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ပါဝင်နေကြတဲ့ သူ့ရဲ့တေးသီချင်းအလိုက်အတိုင်း ဆရာကြီးဟင်္သာတ မြင့်ငွေက သီကုံးထားတဲ့ သီချင်းကို ဖျော်ဖြေမှာဖြစ်ပါ တယ်၊ ဒီသီချင်းစာသားတွေဟာ ကင်းထောက်တွေရဲ့ လှုပ်ရှားမှုကို ပုံဖော်မှာဖြစ်တဲ့အတွက် တွေ့မြင်ရမယ့် ပရိသတ်ပြည်သူတွေ ကင်းထောက် လှုပ်ရှားမှုတွေကို သိမြင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ
(ကင်းထောက်ကြီး)
(ကင်းထောက်ကြီး)
ကင်းထောက်ဆိုတာ ပေးဆပ်ခြင်းသက်သက်ပဲ၊ လူတစ်ဖက်သားကိုကူညီဖို့ပါ။ တစ်ဖက်သားဆီက ပြန်လည်ရယူဖို့ဆိုတာ လုံးဝမျှော်လင့်ချက်မထားရတဲ့ အဖွဲ့ အစည်းမျိုးဖြစ်တယ်။ ဒါကြောင့် လူငယ်တွေရဲ့သွေးကြောထဲမှာ ကင်းထောက်စိတ်ဓာတ်တွေ မွေးဖွားစီးဆင်းနေမယ်ဆိုရင် နိုင်ငံတော်ကြီး အေးချမ်းသာ ယာပြီး စည်ပင်ဖွံ့ဖြိုးတိုးတက်နေမှာ အမှန်ပါပဲ။ မမျှော်လင့်ဘဲနဲ့ ကင်းထောက် ရာပြည့်ပွဲတော်ကြီးအတွက် သီချင်းတစ်ပုဒ်ရေးပေးဖို့ ကမ်းလှမ်းလာပါ တယ်။ ကျွန်တော်တတ်တဲ့ ဂီတအနုပညာနဲ့ ကူညီခွင့်
ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါကြောင့် 'ကင်းထောက်ဂုဏ်ရည်' သီချင်းကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒီသီချင်းကို ကင်းထောက်ရာပြည့်ပွဲကြီးမှာ ကင်းထောက်မောင်မယ် တွေ သီဆိုတာကို မြင်ရတဲ့အခါ ပီတိလည်းဖြစ်မိပါ တယ်။ အခုလည်း ဒီဂီတပွဲတော်မှာ သီချင်းသစ်တစ်ပုဒ် ထပ်ရေးဖို့ ပြောလာပါတယ်၊ အဲဒီသီချင်းက Messenger of Peace ပါ၊ ဒီသီချင်းက ကမ္ဘာပေါ်မှာ ကင်းထောက်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှာရှိတဲ့ ကင်းထောက်
အဖွဲ့ဝင် သန်းပေါင်း ၁ဝ သန်းကျော် တစ်ပြိုင်တည်းသီဆိုမှုကိုခံရတဲ့ ကြီးမားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်၊ အဲဒီသီချင်းကို ကင်းထောက်နိုင်ငံအသီးသီးက သူတို့ဘာသာစကားနဲ့ ပြန်လည် သီဆိုတာလည်းရှိတယ်၊ မူရင်း
အတိုင်း သီဆိုတာလည်းရှိတယ်၊ ကျွန်တော်ကတော့ မြန်မာမှုပြုပြီးတော့ မြန်မာစာသားတွေနဲ့ ဒီသီချင်းကို ဖန်တီးခဲ့ပါတယ်၊ ဒီသီချင်းရဲ့ အနှစ်သာရလည်း မပျောက်အောင် နိုင်ငံရဲ့အဓိက လိုအပ်နေတဲ့ တောင့်တ
နေတဲ့ ငြိမ်းချမ်းရေးကြီးကို တောင်းဆိုတဲ့ အချိန်နဲ့ ကိုက်ညီနေတဲ့အတွက် ဖန်တီးခဲ့ပါတယ်၊ ဒီသီချင်းကို ရေးရတဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ ကင်းထောက်တွေဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ သံတမန်တွေ ဖြစ်တယ်၊ နောက်တစ်ချက်က တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ကို ဝိုင်းဝန်းပြီး တက်တက်ကြွကြွ ဆောင်ရွက်နေကြတဲ့ သူတွေ အဖွဲ့အစည်းတွေအားလုံးကို ဂုဏ်ယူပါတယ်ဆိုတာသိစေချင်တဲ့အတွက် ရေးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဒေါ်တင်လှကြည်
(မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်ချုပ်)
(မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်ချုပ်)
မြန်မာနိုင်ငံကင်းထောက်လို့ပြောတဲ့အခါမှာ အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ မြန်မာကင်းထောက်အဖွဲ့နဲ့ မြန်မာအမျိုးသမီးကင်းထောက်အဖွဲ့ပေါ့။ မြန်မာကင်းထောက်အမျိုးသမီးတွေအနေနဲ့ ကင်းထောက်ကလေးတွေ အနေနဲ့သီဆိုမယ့် သီချင်းလေးပုဒ်ရှိပါတယ်။ သုံးပုဒ်ကတော့ ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေက ကင်းထောက်မယ်လေးတွေ ပါမှာဖြစ်ပြီးတော့ တစ်ပုဒ်ကတော့ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေက ကင်းထောက်မယ်တွေ ဖြစ်ပါတယ်။ အစစအရာရာ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြတယ်။ ဒါဟာ မြန်မာကင်းထောက်ဂီတပွဲတော်ဆိုတော့ အားလုံးပါဝင်ဆင်နွှဲကြ တာပေါ့။ ဒီလိုပွဲတွေလုပ်ရတာလည်း နှစ်စဉ် ဇန်နဝါရီ၊ မတ်မှာ ကင်းထောက်တွေ့ဆုံတဲ့အခါ လုပ်လေ့ရှိတယ်။ မလုပ်တာလည်းကြာပြီ။ မနှစ်ကလည်း ရာပြည့်ပွဲနှစ်ပွဲ နိုဝင်ဘာမှာတစ်ပွဲ ဒီဇင်ဘာမှာတစ်ပွဲလုပ်လိုက်ရတဲ့ အတွက် ဒီနှစ်မှာ အဲဒါကိုအမှူးပြုပြီးတော့ ဆက်ပြီးလုပ်တဲ့ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကင်းထောက် ကလေးတွေလည်း ပြန်ပြီးနိုးကြားစေလိုတဲ့ သဘောလည်းပါပါတယ်။ သူတို့တွေဟာ ဒီသီချင်းတွေကြားတဲ့ အခါမှာ စိတ်ထဲမှာပြန်လည်နိုးကြားလာပြီး အဓိပ္ပာယ်ရှိတဲ့ သီချင်းတွေဖြစ်ပါတယ်။ ကင်းထောက်အမျိုးသမီး အဖွဲ့အင်အားကလည်း သုံးသောင်းလောက်ရှိပါတယ်။ ဒီပွဲကိုလာရောက် ကြည့်ရှုအားပေးကြပါလို့ ဖိတ်ကြား ချင်ပါတယ်။
ဦးအေးကြိုင်
(မြန်မာကင်းထောက်ဂီတပွဲတော်ဖြစ်မြောက်ရေးကော်မတီ
အတွင်းရေးမှူး)
(မြန်မာကင်းထောက်ဂီတပွဲတော်ဖြစ်မြောက်ရေးကော်မတီ
အတွင်းရေးမှူး)
ကျွန်တော်တို့နိုင်ငံဟာ ၁၉၁၆ ကတည်းက မြန်မာနိုင်ငံကင်းထောက်စခဲ့တာ ၂ဝ၁၆ မှာ နှစ်တစ်ရာပြည့်မြောက်ခဲ့ပါပြီ။ ဒီပွဲဟာ မြန်မာနိုင်ငံ ကင်းထောက် နှစ်တစ်ရာပြည့်ပွဲတော် အောင်မြင်မှုကို ဂုဏ်ပြုတဲ့ပွဲအနေနဲ့ ကျင်းပတာပါ။ ကျွန်တော်တို့ ကင်းထောက်တွေကို ပြည်သူတွေသိမှချစ်မှာပါ။ ကင်းထောက်တွေရဲ့ ရည်မှန်းချက်ကိုက မိဘတွေရဲ့ သားသမီးရတနာတွေကို တိုင်းပြည်ရဲ့ရတနာ နိုင်ငံ့ရတနာများ ဖြစ်အောင် လေ့ကျင့်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတစ်ပါးကောင်းကျိုးကို ဆောင်ရွက်တာဟာ မိမိ အတ္တဖယ်ရှား ပရ
စိတ်ထားတဲ့ နှလုံးလှတဲ့ သူတွေများလာရင် အင်မတန်တိုးတက်မယ့် နိုင်ငံဖြစ်လာမှာပါ။ ပြည်သူဗဟိုပြုတဲ့ ပြည်သူ့ရတနာဖြစ်မယ့် ကင်းထောက်တွေကို ပြည်သူသိအောင်လုပ်မယ်ဆိုရင်တော့ ပြည်သူကတန်ဖိုးထား တဲ့ ဂီတမပါဘဲ မဖြစ်ပါဘူး။ ဂီတကိုမြတ်နိုးတဲ့ ပြည်သူ တွေရဲ့နှလုံးသားကို ဂီတအနုပညာရှင်နဲ့ စာနယ်ဇင်းမီဒီယာသမားတွေ ပူးပေါင်းပြီးပြမှ မြင်မှာပါ။ မြန်မာဟာ ကမ္ဘာ့ကင်းထောက် အသိုက်အမြုံထဲသို့ လက်တွဲခေါ်ယူခြင်း ခံနေရပါပြီ။

ကိုကောင်းမြတ်ထူး
(တက္ကသိုလ်ကင်းထောက်)
(တက္ကသိုလ်ကင်းထောက်)
ကျွန်တော်တို့ ကင်းထောက်အဖွဲ့ အဓိကအခြေပြုပြီး လုပ်ဆောင်နေတာကတော့ ပညာရေးဝန်ကြီးဌာနအောက် က ကျောင်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်နေပါတယ်။ ပြင်ပပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဆက်သွယ်လာ တာတွေရှိတဲ့အခါမျိုးမှာ သင်တန်းတွေ သွားပေးတယ်။ တတ်မြောက်ပြီဆိုရင် ကင်းထောက်အဖွဲ့ဝင်အဖြစ် သတ် မှတ်ပါတယ်။ ပြင်ပအနေနဲ့ ဒီအဖွဲ့အစည်းကို ဝင်ရောက်ဖို့ဆိုတာကလည်း ဝင်လို့မရဘူးတော့မဟုတ်ပါဘူး။ ကျွန်
တော်တို့အနေနဲ့ လိုအပ်တဲ့လေ့ကျင့်မှုတွေ အမြဲတမ်းမပေးနိုင်တဲ့အခါမျိုးရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က လေ့ကျင့်ပေးမယ့်သူတွေ ရှားနေတယ်။ နိုင်ငံခြားTrainerတွေဆီကTraining တွေ ယူရတယ်။ ပြီးမှ ရပ်ရွာအခြေပြုသင်တန်းတွေပြန်လုပ်ပေးရတာပါ။ အမြဲတမ်းတော့ မလုပ်ပေးနိုင်သေးဘူး။ အခက်အခဲတွေတော့ရှိပါတယ်။ အဓိက အခက်အခဲကတော့ ဘတ်ဂျက်
(ငွေကြေးဆိုင်ရာအခက်အခဲ)ပေါ့။ ဒါပေမယ့် နိုင်ငံတော်နဲ့ပညာရေးဝန်ကြီးဌာနက လိုလေသေးမရှိအောင် ပံ့ပိုးပေးတယ်။ အသိအမှတ်ပြုပေးတဲ့အတွက် တိုးတက်မှုတွေ မြန်လာပါတယ်။ ဒါကြောင့် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ ၁၄၆ နိုင်ငံအဖြစ် အသိအမှတ်ပြန်ပြုလိုက်တယ်။ ငါးနှစ်တာအတွင်းမှာ
အကြီးမားဆုံး တိုးတက်မှုပါပဲ။ ကင်းထောက်အတတ် ပညာဆိုတာကိုက တောထဲတောင်ထဲမှာ သွားရောက်လေ့လာသင်ယူပြီးမှ ပြည်သူအကျိုးပြုတဲ့လုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီး ပြန်လည်
အကျိုးပြုရတာဖြစ်ပါတယ်။ ဒါကြောင့် ဂီတပွဲတော်ကို မိဘပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုပြီး ကင်းထောက်ဆိုတဲ့ ပုံရိပ်တွေကို နားလည်စေချင်ပါတယ်။

သတင်း -အေးမင်းသူ
ဓာတ်ပုံ -ဇာနည်မောင်
ဓာတ်ပုံ -ဇာနည်မောင်
No comments:
Post a Comment