Sunday, November 12, 2017

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မှုခင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Image may contain: one or more people, people on stage and people standing
ရန်ကုန် နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲက ဗမာအေးရပ်ကွက်ဓမ္မာရုံ၌ သက်ငယ်မုဒိမ်းမှုပပျောက်ရေး မှုခင်းပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်အောင်၊ ဒေါပုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်း နိုင်၊ နယ်ထိန်းအရာရှိ ရဲအုပ်မင်းမင်းကျော်တို့က အသိ ပညာပေးဆွေးနွေးဟောပြောခဲ့ကြရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ဘွားနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ
များ စုစုပေါင်း ၈ဝ ခန့် တက်ရောက်ကြကြောင်း သိရ သည်။
ဒေါပုံထင်ကျော်

No comments:

Post a Comment