နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ ကို ဖွင့်လှစ်ပေးခြင်းဖြင့် စီးပွားရေးတိုးတက် မှုရရှိနေသော ဗီယက်နမ်နိုင်ငံသည် ပစိ ဖိတ် နှုတ်ခမ်းသတ်နိုင်ငံများ၏ နှစ်ပတ်
လည် ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ်
လက်ခံ ကျင်းပလျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရလေသော အခါ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (အေပက်) ဘာလဲ၊ ဘယ်လဲဟု ကျွန်ုပ် စူးစမ်းလေ့လာမိလေ၏။

ဒါနန်းမှာကျင်းပ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ အာဆီယံ ထိပ်သီး
အစည်းအဝေးအပါအဝင် ဆက်စပ်အစည်း
အဝေးများ ကျင်းပရန်ရှိနေစဉ် အေပက် ထိပ်သီးညီလာခံကို ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့၌ ကျင်းပခြင်းဖြစ်လေသည်။
အစည်းအဝေးအပါအဝင် ဆက်စပ်အစည်း
အဝေးများ ကျင်းပရန်ရှိနေစဉ် အေပက် ထိပ်သီးညီလာခံကို ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့၌ ကျင်းပခြင်းဖြစ်လေသည်။
ဒါနန်းမြို့ဟူသည်ကား ဗီယက်နမ်နိုင်ငံ ၏ ပင်လယ်ကမ်းရိုးတန်း၌ တည်ရှိသော အပန်းဖြေစခန်းမြို့ပါပေတည်း။ ဒါနန်း သည် ဗီယက်နမ်၏ တတိယအကြီးဆုံး မြို့ကြီးဖြစ်ပြီးလျှင် ယင်းမြို့၌ ရှုမငြီးဖွယ်ရာ ကမ်းရိုးတန်းဒေသတစ်ကြော၌ အပန်းဖြေ စခန်းများနှင့် ဟိုတယ်ငယ်များ စီစီရီရီပေါ် ထွန်းလာရန် ဆောက်လုပ်ရေးလုပ်ငန်းများ အားကြိုးမာန်တက် တည်ဆောက်လျက်ရှိ နေချိန်ဖြစ်၏။
ဗီယက်နမ်နိုင်ငံသည်ကား အထည်ချုပ် လုပ်ငန်းများ မြှင့်တင်ကာ ပြည်ပဈေးကွက် များသို့ ထိုးဖောက်လျက်ရှိပြီး ဆမ်ဆောင်း အီလက်ထရွန်နစ်ကုမ္ပဏီ၏ မိုဘိုင်းဖုန်း များ ဈေးကွက်တင်နိုင်ရေးအတွက် အကြီး ဆုံးသော ထုတ်လုပ်မှု အခြေစိုက်စခန်း အဖြစ် ရပ်တည်နေသော နိုင်ငံအဖြစ် လည်း ကျွန်ုပ် သတိမူမိ၏။
တက်သုတ်ရိုက်ကာ စီးပွားရေးချဲ့ထွင် နေသော ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၆ ခုနှစ်
တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၂
ရာခိုင်နှုန်းရှိခဲ့သည်။ သို့စဉ်မျှလောက် စီးပွားရေး ရှေ့တိုးနေစေကာမူ တစ်ဦးကျ ဂျီဒီပီ (ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး) မှာ ဒေါ်လာ ၂၂ဝဝ အောက်၌ သာ ရှိနေပေရာ အေပက်အဖွဲ့ဝင်နိုင်ငံ များအတွင်း အနိမ့်ဆုံးအဆင့်ရှိ နိုင်ငံတစ် နိုင်ငံအဖြစ် ကျုံ့ကျုံ့ယုံ့ယုံ့ရှိနေရှာ၏။

၉၅ သန်းမျှ လူဦးရေတည်ရာ ဗီယက် နမ်နိုင်ငံမှာ ဆင်းရဲမှုတည်းဟူသော အရိပ် အခြည်ကို ထုတ်ဖော်နေရဆဲဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၏ အထု၊ အပုတ်၊ အရိုက်၊ အမောင်းကို နှစ်စဉ်လိုလို ပင် တွေ့ကြုံခံစားနေရသည်။ အေပက် အစည်းအဝေးများ မကျင်းပမီ ရက်အနည်း
ငယ်မျှသာ လိုတော့ချိန်မှာပင် ဒါနန်းမြို့ အနီး ကမ်းရိုးတန်းဒေသကို မုန်တိုင်းများ က ဒုန်းဒုန်းဒင်းဒင်း မြည်သံပေး၍ ဝင် ရောက်ခဲ့ကြသေးသည်။
ငယ်မျှသာ လိုတော့ချိန်မှာပင် ဒါနန်းမြို့ အနီး ကမ်းရိုးတန်းဒေသကို မုန်တိုင်းများ က ဒုန်းဒုန်းဒင်းဒင်း မြည်သံပေး၍ ဝင် ရောက်ခဲ့ကြသေးသည်။
အေပက်ဟူသည်ကား
အေပက်ဟူသည်ကား သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ တရုတ်၊ ဟောင် ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီး ယား၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ ပီရူး၊ ဖိလစ်ပိုင်၊ ရုရှား၊ စင်ကာပူ၊ တရုတ်တိုင်ပေ၊ ထိုင်း၊ အမေရိ ကန်နှင့် ဗီယက်နမ်တို့ပါဝင်သော ပစိဖိတ် နှုတ်ခမ်းသတ်နိုင်ငံများ ပါဝင်သောအဖွဲ့ အစည်းဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတစ်ဝန်း လွတ်လပ်သော ကုန်သွယ်ရေးမြှင့်တင်နိုင်ရန် ယင်း အဖွဲ့အစည်းကို ၁၉၈၉ ခုနှစ်တွင် ထူထောင်ခဲ့လေသည်။
အေပက်ညီလာခံကြီးသည်ကား သိမ်မွေ့ နူးညံ့လှသည့် သံတမန်ရေးတွေ့ထိဆက်ဆံ မှုဖြစ်တည်ရာ နေရာပေတည်း။
ဇွတ်တိဇွတ်ထိုး ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သူ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်သည် အာရှခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမည့် ညီလာခံသို့ တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ သို့ နိုဝင်ဘာ ၁ဝ ရက်တွင် ရောက်ရှိလာခဲ့ ပေသည်။ အာရှခေါင်းဆောင်များအပြင် ကမ္ဘာ့ခေါင်းဆောင်များ ဆုံစည်းကြသည့် ပွဲတွင် တပ်အပ်သေချာ ကြိုတင်ဟောကိန်း ထုတ်ခြင်းငှာ မစွမ်းသာသော တွေ့ထိဆက်ဆံမှုများ ဖြစ်ပေါ်နိုင်သည်ဟု ရှုဆကြရ၏။ ကမ္ဘာ့ရွှေထီးဆောင်းမင်းတို့ တစ်သိုက်တစ် ဝန်း ဆွေးနွေးငြင်းခုံကြရန်လည်းရှိနေ၏။
သီးသီးသန့်သန့် မတွေ့ဆုံ
သမ္မတ ထရန့်နှင့် မျက်နှာချင်းဆိုင် တန်းတန်းမတ်မတ် တွေ့ဆုံဆွေးနွေးမည့် ပုဂ္ဂိုလ်ကြီးတစ်ဦးမှာကား ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ဖြစ်၏။
သူတို့နှစ်ဦးအတွက် တစ်ပေါက်တစ်လမ်း အကဲစမ်းမည့်ပွဲ ဖြစ်ပေရာ့ထင့်။ အကြောင်းမူကား အမေရိကန် ရွေးကောက်ပွဲအကြိုကာလက သမ္မတပူတင်နှင့် တွေ့ဆုံရန် ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ နိုင်ငံခြားရေးမူဝါဒလက်ထောက် တစ်ဦးက အမြော်အမြင် ကြီးမားလှသည့် အကြံအစည်တစ်ရပ် ပြုလုပ်ခဲ့ပုံအဖြစ်သနစ်မှာ မကြာမီက ဘွားခနဲ ပေါ်လာခဲ့ခြင်းကြောင့်
ဖြစ်၏။ မဲဆွယ်စည်းရုံးရေး အရာရှိတစ်ဦးက 'ကရင်မလင်'နှင့် ချိတ်ဆက်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှု၏ ခိုင်လုံသော အထောက်အထားအဖြစ် ကမ္ဘာ့မီဒီယာတို့က ရေးသားဖော်ပြကြ၏။
ဖြစ်၏။ မဲဆွယ်စည်းရုံးရေး အရာရှိတစ်ဦးက 'ကရင်မလင်'နှင့် ချိတ်ဆက်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှု၏ ခိုင်လုံသော အထောက်အထားအဖြစ် ကမ္ဘာ့မီဒီယာတို့က ရေးသားဖော်ပြကြ၏။
ဗြုန်းစားဗြင်းစား ပေါ်လာသည့် အဖြစ် သနစ်သည်လည်းကောင်း၊ ဖက်ဒရယ်စုံစမ်း စစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က ထရန့်၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို စွဲချက်တင်ကာ စုံစမ်းစစ်ဆေးခြင်းသည်လည်းကောင်း ပြီးခဲ့သော အမေရိကန်ရွေးကောက်ပွဲကို ဝင်နှောက်ရန် ထရန့်နှင့် သူ၏ မဲဆွယ် စည်းရုံးရေးအဖွဲ့တို့ ဇာတ်တိုက်ကာ လုပ် ဆောင်ခဲ့သည်ဆိုသော သူ၏ နိုင်ငံရေး ရန်သူများကို အထင်ရောက်စေလေသည်။
သမ္မတထရန့်နှင့် သမ္မတပူတင်တို့သည် နိုဝင်ဘာ ၁ဝ ရက်က အေပက်ထိပ်သီး ညီလာခံ ညစာစားပွဲ၌ တွေ့ဆုံခဲ့ကြရာတွင် လက်ဆွဲနှုတ်ဆက်ခဲ့ကြသော်လည်း ၎င်း တို့နှစ်ဦး သီးသီးသန့်သန့် တွေ့ဆုံဆွေးနွေး ရန် အစီအစဉ်မရှိပါဟု အိမ်ဖြူတော်က ပြောကြားခဲ့လေသည်။
အေပက်ညီလာခံ ကျင်းပချိန်ကာလ အတွင်း သမ္မတထရန့်နှင့် ဖိလစ်ပိုင်သမ္မတ ရိုဒရစ်ဂို ဒူတာတေးတို့ တွေ့ဆုံမည့်ပွဲကို လည်း ကမ္ဘာက စိတ်ဝင်တစား စောင့် ကြည့်နေကြ၏။ သူတို့နှစ်ဦးစလုံးကို မဆုတ်
မဆိုင်း ပြောတတ်သူများအဖြစ် ကမ္ဘာက ရှုမြင်ကြ၏။
မဆိုင်း ပြောတတ်သူများအဖြစ် ကမ္ဘာက ရှုမြင်ကြ၏။
'ပြစ်ဒဏ်ခတ်သူ' မြို့တော်ဝန်ဟောင်း ဒူတာတေးမှာ ယခင်အမေရိကန်သမ္မတ ဘားရက်အိုဘားမားအား နင်ပဲငဆ ပြောခဲ့
ခြင်းအတွက် စိတ်ဆတ်သူအဖြစ် ကမ္ဘာက ရှုမြင်ကြ၏။ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးစစ်ပွဲတွင် ဥပဒေဘောင် ကျော် လုပ်ဆောင်မှုများရှိသည်ဟု အိုဘား
မားက ဝေဖန်ဓိကပြုရာမှ အကျယ်အကျယ် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ရ၏။ ကမ္ဘာ့ သတင်းဇာတ်ခုံပေါ်၌ အုတ်အော်သောင်း တင်း သတင်းများ ဖြစ်ပေါ်ခဲ့၏။

အိုဘားမားအပေါ် ပုဂ္ဂိုလ်ရေးအမြင် မကြည်လင်သူနှစ်ဦး ဖြစ်ဖွယ်ရှိသော ထရန့်နှင့် ဒူတာတေးတို့မှာ ယခုအခါ တစ်ဦးနှင့်တစ်ဦး သင့်မြတ်ချစ်ခင်နေကြပြီး မူးယစ် ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကို ဆင်နွှဲနေသူ ဖိလစ်ပိုင်ခေါင်းဆောင်ကို အမေရိကန် ခေါင်းဆောင်က ချီးကျူးထောမနာပြုမှုပင် ရှိနေပြီဟု သတင်းများပေါ်ထွက်ခဲ့သည်။
နောက်ဆုံးခရီးတစ်ထောက်
သမ္မတ ထရန့်သည် ဗီယက်နမ်၌ရှိနေစဉ် ဒူတာတေးနှင့် သီးခြားတွေ့ဆုံခွင့်မရသည့် တိုင် နိုဝင်ဘာ ၁၃ ရက်တွင် သီးသန့်တွေ့ ဆုံရန် စီစဉ်ထားသည်။ သမ္မတထရန့် သည် အာရှခရီးစဉ်၏ နောက်ဆုံးခရီးတစ် ထောက်ရပ်နားရာ နိုင်ငံအဖြစ် ဖိလစ်ပိုင် သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး အာဆီယံထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသူ ဒူတာတေးနှင့် ဆွေးနွေးမည်ဖြစ်သည်။ သမ္မတထရန့် သည် ဟာဝိုင်ယီမှ အစပြု၍ အာရှတစ်ခွင် လှည့်လည်ခဲ့ရာတွင် ဂျပန်နိုင်ငံ တိုကျို၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်၊ တရုတ်နိုင်ငံ ပေကျင်း၊ ဗီယက်နမ်နိုင်ငံ ဒါနန်းနှင့် ဟနွိုင်း၊ဖိလစ်ပိုင်နိုင်ငံ မနီလာတို့သို့ ဆင့်ကဲဆင့်ကဲ သွားရောက်လျက်ရှိနေချိန်ဖြစ်သည်။
အေပက်ညီလာခံကြီးကို ဝှဲချီးသဘင် ဆင်ယင်ကျင်းပနေချိန် ကာလအတွင်း
နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်နှင့် သမ္မတထရန့်တို့ မည်သို့မည်ပုံ မျက်နှာပြကြမည်ကို ကမ္ဘာက စောင့်ကြည့်လျက်ရှိနေကြ၏။
နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်နှင့် သမ္မတထရန့်တို့ မည်သို့မည်ပုံ မျက်နှာပြကြမည်ကို ကမ္ဘာက စောင့်ကြည့်လျက်ရှိနေကြ၏။
ဝန်ကြီးချုပ်အာဒန်မှာ ၃၇ နှစ်အရွယ် မျှသာရှိသေးပြီး သြဂုတ်လတွင် ပါတီအကြီးအကဲနေရာကို ရယူခဲ့ပြီးလျှင် နှစ်ပေါင်း ၁၅ဝ ကြာကာလအတွင်း နယူးဇီလန်နိုင်ငံ၏ ငယ်ရွယ်နုပျိုဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းရွက်နေသူပါပေတည်း။
အမျိုးသမီးများအား ထိကပါးရိကပါး ပြောဆိုမှုကို နားခါးသူ အာဒန်မှာ သမ္မတ ထရန့်နှင့် မည်ကဲ့သို့သော တွေ့ဆုံမှုမျိုး တွင်မဟူ သံတမန်တစ်ဦးပမာ ကျင့်ကြံမည်
ဟု ဆိုထားသည်။ နိုင်ငံရေးရောင်စဉ်လှိုင်း များ မည်သို့ပင် ကွဲပြားခြားနားစေကာမူ ကမ္ဘာ့ခေါင်းဆောင်များ၏ သဘောလက္ခဏာ
မှာ ထူးမခြားနားသာလျှင်ဖြစ်ကြောင်း၊ အမေရိကန်ခေါင်းဆောင်အဖြစ် ပြည်သူ
တို့၏ဆန္ဒနှင့်အညီ တင်မြှောက်ခံထားရသူ ထရန့်နှင့် အမေရိကန် ဒီမိုကရေစီစနစ်တို့ ကို မိမိက တရိုတသေ လေးစားမည်သာဖြစ်ကြောင်း အာဒန်က ပြောခဲ့ဖူးလေသည်။

အိုပက်ညီလာခံကာလအတွင်း ဒေါင်း တင်မောင်းတင် တွေ့ဆုံကြဖွယ်ရှိသူနှစ်ဦး မှာ သြစတြေးလျ ဝန်ကြီးချုပ် မယ်ကွမ်း တန်ဘူးနှင့် သမ္မတထရန့်တို့ဖြစ်ကြမည်ဟု ဆိုသည်။ သူတို့နှစ်ဦးမှာ ဒုက္ခသည်များအရေးပြဿနာနှင့် စပ်လျဉ်း၍ တစ်ဦးနှင့်တစ်ဦး ထုံတေတေ ပြောဆိုခဲ့ကြဖူး၏။
သမ္မတထရန့်သည် နိုဝင်ဘာ ၁ဝ ရက် က အေပက်စီအီးအို ထိပ်သီးညီလာခံ၏ နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ တွင် ခါးခါးသီးသီး အသုံးအနှုန်းများဖြင့် ဝေဖန်ပြောကြားခဲ့လေသည်။
အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံများ သည် အမေရိကန်ပြည်ထောင်စုအား စီးပွားရေးအရ ကျူးကျော်မှု ပြုလုပ်နေကြောင်း ထရန့်က ပြောကြားသည်။ တရုတ်နိုင်ငံ၌ ရှိနေစဉ်အတွင်း ယင်းနိုင်ငံနှင့်ပတ်သက်၍ ဟိမဝန္တာချီးမွမ်းခန်းထုတ်ခဲ့သော ထရန့်က ဒါနန်းမြို့၌ သံတမန်ရေးအရ လေသံပြောင်း
လဲသွားခဲ့သည်။ စီအီးအိုများ တက်ရောက် သော ညီလာခံ၌ သူ၏ပြောဆိုပုံမှာ ပြစ်တင်ကြိမ်းမောင်းသည့် ပုံမျိုးဖြစ်နေသည်။ တရုတ်နိုင်ငံနှင့်တကွ အခြားသောနိုင်ငံများ သည် ခေါင်းပုံဖြတ် အမြတ်ထုတ်သော စီးပွားရေး မူဝါဒများကို ကျင့်သုံးနေကြောင်း၊ ယင်းမူဝါဒများကြောင့် အမေရိကန်တွင် အလုပ်အကိုင်နေရာများ ဆုံးရှုံးနေရပြီး စက်မှုလုပ်ငန်းများ ကျဆင်းရကြောင်း သူက ပြစ်တင်သည်။

အာရှစီးပွားရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ခေါင်းဆောင်တို့အကြား သိသိသာသာ သဘောထားကွဲလွဲမှုကို တွေ့မြင်ရသော အိုပက်ခေါင်းဆောင်များ၏ တွေ့ဆုံပွဲသည် ပစိဖိတ်သမုဒ္ဒရာ၏ ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း နိုင်ငံများအကြား မူဝါဒများအရ ကွာဟမှုများရှိနေပုံကို တွေးတော မိရင်း ''ကမ်းနှစ်ဖက်အကြား ပင်လယ်သမုဒ္ဒရာခြား'' ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။ ။
Ref: Trump's trickey talks: world leader meetings to watch at the Apec summit
(Guardian)
(Guardian)
No comments:
Post a Comment