Friday, November 10, 2017

ကန်ဒေါ်လာ ၂၅ဝ ဘီလီယံတန်ဖိုးရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်များ အမေရိကန်နှင့်တရုတ် ချုပ်ဆို

Image may contain: 1 person, suit
ပေကျင်း နိုဝင်ဘာ ၉
အမေရိကန်သမ္မတ၏ ပထမအကြိမ် အာရှခရီးစဉ်အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိမှုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ် များအပါအဝင် မြောက်ကိုရီးယားအရေးတို့ကို ဆွေးနွေးခဲ့ ပြီးနောက် နိုဝင်ဘာ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
သမ္မတထရန့်က မြောက်ကိုရီးယား၏ နျူကလီးယား ဖွံ့ဖြိုးမှုအစီအစဉ်နှင့်ပတ်သက်ပြီး ခိုင်မာသော ရပ်တည် ချက်ထားရှိကာ ကိုင်တွယ်ထိန်းချုပ်နိုင်ရန် သမ္မတရှီအား တိုက်တွန်းပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ် ကို ပယ်ဖျက်နိုင်ရေးအတွက် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သမ္မတထရန့်က ဆိုသည်။
မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံ၏ ရပ်တည်ချက်သဘောထားကို သမ္မတရှီက ဖွင့်ဟ ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက်ပပျောက်ရေးအတွက် ကတိပြုပါ ကြောင်းနှင့် နျူကလီးယားလက်နက်ကင်းစင်ရေး ကမ္ဘာ တစ်ဝန်းကြိုးပမ်းမှုတွင်လည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
ထို့ပြင် ကုလသမဂ္ဂဖြေရှင်းချက်များကို ဆက်လက် လိုက်နာရန် လိုအပ်ကြောင်းနှင့် ပြုံယမ်း၏ နျူကလီးယား အရေးကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသင့်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။
သမ္မတထရန့်၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ဝ ဘီလီယံတန်ဖိုးရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုစာချုပ်များကို ချုပ်ဆိုခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး အမေ ရိကန်အနေဖြင့် မျှတပြီး အပြန်အလှန်ဖြစ်သော ကုန်သွယ်မှု ဆက်ဆံရေးကို အလိုရှိပါကြောင်း သမ္မတထရန့်က ပြော ကြားခဲ့သည်။
သမ္မတထရန့်သည် နိုဝင်ဘာ ၁ဝ ရက်တွင် ပေကျင်း မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment