Friday, November 10, 2017

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ခံတွေ့ဆုံ

Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၉
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး၊ စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေ နှင့် လူငယ်များ အလုပ်အကိုင်ရရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment