တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာ အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-စင်ကာပူနှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှု၊ တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရခိုင် ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌက တရားမျှတမှု မရှိ သော ကြေညာချက်ထုတ်ပြန်မှုနှင့် နိုင်ငံတကာမီဒီယာ များက မမျှတစွာရေးသားထုတ်လွှင့်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြ သည်။
သတင်းစဉ်
No comments:
Post a Comment