ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း (Hanns Seidel Foundation) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမို ကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒီမိုကရေစီဖက်ဒရယ်စနစ် နှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်နှင့် Hanns Seidel Foundationတို့အကြား ကူညီပံ့ပိုး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment