Saturday, November 11, 2017

လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရန်မြို့တော်နယူးဒေလီသို့ ယာဉ်အကြီးစားများ ဝင်ရောက်မှုပိတ်ပင်

Image may contain: one or more people, people standing and outdoor
နယူးဒေလီ နိုဝင်ဘာ ၁ဝ
လူအသေအပျောက် ရှိနိုင်လောက် သည့် မီးခိုးမြူများ လေးရက်ဆက်တိုက် လွှမ်းခြုံနေသည့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင်းသို့ လေထု ညစ်ညမ်းမှုဆိုးရွားနေမှုကို ထိန်းချုပ် နိုင်ရေးအတွက် ကုန်တင်ယာဉ်များနှင့် အကြီးစားယာဉ်ကြီးများ ဝင်ရောက်မှု မပြုလုပ်ရန် နိုဝင်ဘာ ၁ဝ ရက်တွင် တားမြစ်ခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြသည်။
မြို့တော်နယူးဒေလီ၏ အိမ်နီးချင်း ပြည်နယ်များဖြစ်သော ဟာယာနာနှင့် ဥတာပရာဒေ့ရှ်ပြည်နယ်တို့မှ အရွယ် အစားကြီးမားသော မော်တော်ယာဉ် များ မြို့တော် နယ်နိမိတ်အတွင်းသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြားသည်။
မြို့တော်ဒေလီနှင့် ထိစပ်နေသည့် နယ်စပ်ဒေသအားလုံးသို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များ ဖြန့်ကြက်ထားကြောင်း၊ မြို့တော်ဒေလီသို့ ဦးတည်လာသော အကြီးစားယာဉ်များကို မြို့တော် နယ်နိမိတ်အတွင်းမှ ပြန်လည်ထွက်ခွာ သွားရန် ညွှန်ကြားမည်ဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဒီကေဂုတ်ပတားက သတင်းမီဒီယာသို့ ပြောကြားသည်။
မြို့တော်ဒေလီ၌ မရှိမဖြစ် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာ သည့် အကြီးစားယာဉ်ကြီးများ၏ ဝင်ရောက်ခွင့်ကိုမူ ကန့်သတ်မထား ကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြား သည်။
မြို့တော်ဒေလီ၏ လေထုညစ်ညမ်း မှုအဆင့်သည် မြို့တော်၏ ဒေသ အချို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံနိုင်သည့် သတ်မှတ်ချက် ပမာဏထက် အဆ ၃ဝ မျှ ပိုမိုမြင့်မား နေသည်။
ဆင်ဟွာ။

No comments:

Post a Comment