အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ (Partnering For New Dynamism For a Comprehensively Connected and Integrated Asia - Pacific) ခေါင်းစဉ်ဖြင့် ကျင်းပသည့် အလွတ်သဘောဆွေးနွေးပွဲကို ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၄ဝ တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ ဒါနန်းFurama Resort ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
အလွတ်သဘော ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် အေပက်အဖွဲ့ ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီး များ၊ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးဆိုင်ရာထိပ်တန်းအရာရှိ ကြီးများနှင့် အေပက်အဖွဲ့ဝင် မဟုတ် သော နိုင်ငံများမှ နိုင်ငံခေါင်းဆောင် များ၊ အကြီးအကဲများ၊ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အေပက်နှင့် အာဆီယံအကြား ပေါင်းစည်းဆက် သွယ်မှု ၊ စည်းလုံးမှု၊ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဒါနန်းမြို့ရှိ Sharaton Resort ၌ ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့်ဇနီး ငုရင် ထိဟီရမ်တို့က အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် များ၊ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အာဆီယံ နိုင်ငံများနှင့် အေပက်အဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများနှင့် အေပက်အဖွဲ့ဝင်မဟုတ်သော နိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များ၊ အကြီး အကဲများ၊ ဝန်ကြီးများနှင့်အဆင့်မြင့် အရာရှိကြီးများအား တည်ခင်းဧည့်ခံ သည့်ညစာစားပွဲသို့တက်ရောက်သည်။
အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (အေပက်)မှာ လွန်ခဲ့ သော ၂၈ နှစ်က ဖြစ်ပေါ်လာပြီး ဒေသ တွင်းစီးပွားရေးကဏ္ဍ မြှင့်တင်မှုနှင့် အတူ တက်တက်ကြွကြွ ဖွံ့ဖြိုးလာ ကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာကြီးပြောင်းလဲလာမှု၊ အာရှ-ပစိဖိတ်ဒေသ၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုသည် အေပက်အတွက် အခွင့်အရေးနှင့် စိန်ခေါ်မှုများကိုပါ ရင်ဆိုင်လာရကြောင်း၊ စီးပွားရေးကဏ္ဍတွင် အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကတိကဝတ် များကို အမှန်တကယ် အကောင် အထည်ဖော်ဆောင်ရန်၊ ပြည်သူများ နှင့် စီးပွားရေးအသိုက်အဝန်းများ နီးကပ်စေရန်အတွက် အေပက်က ဆောင်ကြဉ်းပေးရန်၊ ၂၁ရာစုအတွင်း ၌ အာရှ-ပစိဖိတ်ဒေသ၏ ရေရှည် တည်တံ့ခြင်းနှင့် အားလုံးပါဝင်နိုင် သော ဖွံ့ဖြိုးမှုမဟာဗျူဟာအမြင်ကို နားလည် သဘောပေါက်စေရန် အေပက်ကဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ၂ဝ၁၇၏ အိမ်ရှင်နိုင်ငံအဖြစ် ဗီယက်နမ်က သဘောတူခဲ့ကြောင်း သိရသည်။
ထို့ပြင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) တည်ထောင်မည့် စိတ်ကူးစိတ်သန်းကို ပထမဆုံးချပြခဲ့သူမှာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း မစ္စတာဘော့ ဟောကဲဖြစ်ပြီး ၎င်း၏ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၁၉၈၉ ခုနှစ်က ပြော ကြားခဲ့သည့် မိန့်ခွန်းတွင် ပါဝင်ခဲ့ ကြောင်း၊ မိန့်ခွန်းပြောကြားပြီး ၁ဝ လအကြာတွင် အာရှ-ပစိဖိတ် ၁၂ နိုင်ငံ မှာ စီးပွားရေးနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး အေပက် ထူထောင်ရန်ဆုံးဖြတ်ခဲ့ ကြောင်း၊ စတင်တည်ထောင်ခဲ့သည့် နိုင်ငံများမှာ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် အမေရိကန်တို့ ဖြစ်ကြကြောင်း၊ ဟောင်ကောင်နှင့် တရုတ်တိုင်ပေတို့မှာ ၁၉၉၁ခုနှစ်တွင် လည်းကောင်း၊ မက္ကစီကိုနှင့် ပါပူဝါ နယူးဂီနီနိုင်ငံတို့မှာ ၁၉၉၃ ခုနှစ်တွင် လည်းကောင်း၊ ချီလီနိုင်ငံမှာ ၁၉၉၄ ခုနှစ်တွင် လည်းကောင်း၊ ထို့နောက် ပီရူး၊ ရုရှား၊ ဗီယက်နမ်တို့ ဝင်ရောက်လာပြီး ချိန်တွင် အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံရှိလာ ကြောင်း၊ ၁၉၈၉ခုနှစ်နှင့် ၁၉၉၂ခုနှစ် အတွင်းတွင် အေပက်အနေဖြင့် အလွတ်သဘော အဆင့်မြင့်အရာရှိ ကြီးများအဆင့်နှင့် ဝန်ကြီးအဆင့် ဆွေးနွေးပွဲများကိုသာ ဆောင်ရွက်ခဲ့ ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် အမေရိ ကန်သမ္မတဟောင်း မစ္စတာဘီကလင် တန်က လက်တွေ့ဆန်သည့် အေပက် စီးပွားရေးခေါင်းဆောင်များ ပုံမှန်အစည်း အဝေးများကို ကြီးမားသည့် မဟာဗျူ ဟာအမြင်နှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ဦးတည်ချက်ကို ထောက်ပံ့ ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment