အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ထိပ်သီးအစည်း အဝေးမကျင်းပမီ ဒေသတွင်းခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။
မိန့်ခွန်းပြောကြားရာတွင် သမ္မတထရန့်က အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒကို ထည့်သွင်း ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်မှုတွင် အကျိုးအမြတ် ညီတူညီမျှ ရရှိမှုကိုသာ အလိုရှိပါကြောင်းနှင့် မျှတပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသော ကုန်သွယ်မှု ဆက်ဆံရေးရှိစေရန် ဒေသတွင်းနိုင်ငံများအား တိုက်တွန်း ပြောကြားလိုပါကြောင်း သမ္မတထရန့်က ၎င်း၏ မိန့်ခွန်းထဲ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာလုံခြုံရေးနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဒေသတွင်းနိုင်ငံများအနေဖြင့် မျက်ခြည်မပြတ် စောင့်ကြည့် ရန်နှင့် ဖိအားများပိုမိုပေးရန် လိုအပ်ကြောင်း သမ္မတထရန့် က တိုက်တွန်းပြောကြားခဲ့သည်။
ဒေသတွင်းနိုင်ငံများ၏ အနာဂတ်သည် အာဏာရှင် တစ်ယောက်၏ လှည့်ကွက်ထဲတွင် ဓားစာခံအဖြစ် ရှိမနေ သင့်ကြောင်း ဒေသတွင်းခေါင်းဆောင်များအား ပြောကြား ခဲ့သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment