Monday, November 27, 2017

မစ်ခီတာယန်ကို ဒေါ့မွန်မှ ချိတ်ဆက်နေပြီ

Image may contain: 1 person, beard, hat and closeup
မန်ယူနည်းပြ မော်ရင်ဟိုက ကွင်းလယ်လူ မစ်ခီတာယန်အနေဖြင့် မန်ယူတွင် ခြေစွမ်းတိုးတက်ရန် လိုပြီး ထိုသို့မဟုတ်လျှင် နေရာရမည်မဟုတ်ကြောင်း သတိပေးစကားဆိုခဲ့ပြီးနောက် မစ်ခီတာယန် ကို အသင်းဟောင်း ဒေါ့မွန်မှ ပြန်လည်ခေါ်ယူရန် ချိတ်ဆက်နေသည်ဟူသော သတင်းများထွက်ပေါ် လာခဲ့သည်။ မစ်ခီတာယန်သည် ယခုနှစ် ဘောလုံးရာသီအစတွင် ခြေစွမ်းပိုင်း အတော်တိုးတက် ခဲ့သော်လည်း ပြီးခဲ့သည့်လပိုင်းအတွင်း ရုတ်တရက် ခြေစွမ်းကျဆင်းခဲ့ရာ မော်ရင်ဟို၏ ပထမပွဲထွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။
မော်ရင်ဟိုက ''သူ့ရဲ့ ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို မပျော်မရွှင် ဖြစ်စေပါတယ်၊ ကျွန်တော်က တစ်ပွဲ၊ နှစ်ပွဲဆိုရင်တော့ ပြောနေမှာ မဟုတ်ဘူး၊ သုံးလေးငါးပွဲဆိုရင်တော့ ပြောဖို့ လိုလာပါပြီ၊ သူက ဂိုးသွင်းခြေရှိတယ်၊ ဂိုးဖန်တီးမှု ကောင်းကောင်းပြုလုပ်နိုင်တယ်၊ ပြိုင်ဘက်ကို ဖိအားပေးမှု ပြုလုပ်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့က သူ့ကို ကွင်းလယ်ဖန်တီးရှင်နေရာမှာ ထားကစားလိုက်ချိန်မှာ တဖြည်းဖြည်းကျသွားခဲ့တယ်''ဟု မစ်ခီတာယန်နှင့်ပတ်သက်ပြီး မှတ်ချက် စကားဆိုခဲ့သည်။ မစ်ခီတာယန်မှာ ပြီးခဲ့သည့်နှစ်နွေဈေးကွက်တွင် ဒေါ့မွန်မှ မန်ယူသို့ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ရောက်စကာလကလည်း နည်းပြ မော်ရင်ဟို၏ ယုံကြည်ကိုးစားမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ နောက်ပိုင်းတွင် ခြေစွမ်း တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ မစ်ခီတာယန်သည် အေဂျက်စ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်း မန်ယူအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment