Thursday, November 30, 2017

နျူထိပ်ဖူးတပ် ဒုံးကျည်အမျိုးအစားသစ်တစ်မျိုး ပြုံယမ်းစမ်းသပ်အောင်မြင်

Image may contain: one or more people and outdoor
ပြုံယမ်း နိုဝင်ဘာ ၂၉
အမေရိကန်နိုင်ငံ၏ မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်သည့် နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားအသစ် တစ်ခုကို မြောက်ကိုရီးယားနိုင်ငံက ယနေ့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း သတင်း များအရ သိရသည်။
နိုဝင်ဘာ ၂၉ ရက်တွင် မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံလိုင်းတွင် ယနေ့အောင်မြင်စွာ ပစ်လွှတ်ခဲ့သည့် the Hwasong-15 နှင့် ပတ်သက်ပြီး ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုတွင် နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်က အနီးကပ်ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ပြုံဂန်စီရင်စုရှိ ပြောင်းဆွန်မြို့မှ ဂျပန် ပင်လယ်အတွင်းသို့ နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီ ၁၇ မိနစ်တွင် ပြုံယမ်းက တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး အရာရှိချုပ်က ပြောကြားခဲ့သည်။
အဆိုပါဒုံးကျည်သည် ပင်လယ်ပြင် အထက် ၄၄၇၅ ကီလိုမီတာအမြင့်သို့ ရောက်ရှိကာ ပြေးလမ်းကြောင်းအတွင်း ၅၃ မိနစ်ကြာ ရောက်ရှိခဲ့ပြီး ဂျပန်ပင်လယ် အတွင်းသို့ ဆင်းသက်ကျရောက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အခြားသောနိုင်ငံများက ပြုံယမ်းအပေါ် ဖိအားများ ပေးလျက်ရှိသော် လည်း ယခုဒုံးကျည် ပစ်လွှတ်နိုင်မှုသည် မြောက်ကိုရီးယား ပြည်သူများအတွက် အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
ဇူလိုင်လအတွင်းက စမ်းသပ်ပစ်လွှတ်ခဲ့ သော ဒုံးကျည်နှစ်စင်းသည် Hwasong-14အမျိုးအစားဖြစ်သည်။ ယခု ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့သော ဒုံးကျည်အမျိုးအစားသည်Hwasong-15 ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment