Thursday, November 30, 2017

သီရိလင်္ကာတွင် ရာသီဥတုအခြေအနေ ဆိုးရွား ပြည်သူများ နိုးနိုးကြားကြားရှိရန် သတိပေးချက်ထုတ်ပြန်

Image may contain: one or more people, ocean, sky, outdoor, water and nature
ကိုလံဘို နိုဝင်ဘာ ၂၉
သီရိလင်္ကာနိုင်ငံ၌ ရာသီဥတုအခြေအနေဆိုးရွားမှုနှင့် ကြုံတွေ့နေရ၍ နိုင်ငံပင်လယ်ကမ်းလွန်၌ ငါးဖမ်းခြင်းနှင့် ရေကြောင်းခရီးသွားလာမှု များ မပြုလုပ်ကြရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ နိုဝင်ဘာ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း ယင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှ စတင်၍ နောက် ၂၄ နာရီအတွင်း နိုင်ငံတောင်ပိုင်းပြည်နယ်များ၌ မိုးရေချိန် ၁၅ဝ မီလီမီတာအထက် ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပရာဒက် ကိုဒီပီလီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
မြစ်များအနီးဒေသများနှင့် တောင်ကုန်းတောင်တန်းဒေသများ၌ နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားနေကြရမည်ဟု ၎င်းက ပြောကြား သည်။
သိရီလင်္ကာနိုင်ငံတွင် ယခုနှစ် အစောပိုင်းက ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂ဝဝ ကျော် သေဆုံးခဲ့ရသည်။
ဆင်ဟွာ

No comments:

Post a Comment